"ကျွန်တော်အရူးနဲ့တူမနေဘူးလားဟျောင်းရယ် ဆိုးမိတာမှားပြီလားဟင် ကျွန်တော့်ကိုကျွန်တော်တော့
မှန်ကြည့်တိုင်းထူးဆန်းနေတော့တာပဲ""ဘယ်ကအရူးနဲ့တူရမှာလဲ ခုဆိုမျက်နှာလေးလဲပိုပေါ်ပြီး ဘယ်လောက်တောင်ကြည့်ကောင်းလိုက်သလဲ"
"ကြည့်ကောင်းမှပဲဖြစ်မှာပါနော် မဟုတ်ရင်မနက်ဖြန်ကျောင်းသွားရင် ကျွန်တော့်သူငယ်ချင်းတွေ အရင်ဝိုင်းရယ်မှာနဲ့တင် သေသွားနိုင်တယ်"
ဂျောင်းဝန်းမှာ ဟီဆွန်းဟျောင်းမြှောက်ပေးတာနဲ့ ဘဝမှာတစ်ခါမှဆိုးဖို့မစဉ်းစားဖူးတဲ့ဆံပင်ကိုအရောင်ဆိုးလိုက်ရတယ် ဆိုးချလိုက်တော့လဲ ရဲတောက်နေတဲ့အနီရောင်တဲ့ ခေါင်းပေါ်ကိုဆေးနီဗန်းကြီးမှောက်ထားသလိုပဲ လှတာတော့လှပေမဲ့ တွေးပူတာပါပဲ သူ့သူငယ်ချင်းတွေက တော်ရုံမဟုတ်ဘူးလေ သူအသိဆုံးပါ နောက်ပြီးခေါင်းထဲဝင်လာတာကကိုကို ကိုကိုကသူ့ဆံပင်အရောင်ဆိုးတာကိုကြိုက်ပါ့မလားမသိ မဆိုင်တော့ပေမဲ့လဲ သူကတော့ချစ်နေဆဲသူဆိုတော့ ကိုကိုကအရေးအကြီးဆုံးဖြစ်နေဆဲပါပဲ ကိုကို့စိတ်ထဲအရူးနဲ့တူနေရင်သူတော့အကျိုးနည်းရချည်ရဲ့ ခုတောင်မချစ်တော့တာ မုန်းပါသွားရင်ဒုက္ခ ဆိုပြီးတွေးပူရတာလဲ ငိုတောင်ငိုချင်ပါတယ်
.........................................................................
ဂျောင်ဝန်း ကျောင်းဝန်းထဲကိုဝင်ကတည်းက နဲနဲတော့နေရခက်တယ် အားလုံးကသူ့ကိုဝိုင်းကြည့်နေကြသလိုပဲ ဒါမှမဟုတ် ဆေးတက္ကသိုလ်က the whole kingကသူ့ဘေးမှာပါလာလို့ကြည့်တာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ ဟီဆွန်းဟျောင်းကို မနေ့ကမတိုင်ခင်ထိဆေးတက္ကသိုလ်က kingမှန်းသူမသိခဲ့ရိုးအမှန်ပါ ဆောနူနဲ့ဖုန်းပြောတော့မှ မင်းနဲ့ဆေးတက္ကသိုလ်က the whole kingနဲ့ဘယ်လိုလုပ်အဲ့လောက်ခင်သွားတာလဲလို့မေးမှ သိတော့တယ် ဟီဆွန်းဟျောင်းချောတာတော့သိပေမဲ့ ဒီလောက်popularဖြစ်မှန်းတော့မသိဘူး သူကပြီးခဲ့တဲ့ကာလတွေမှာ ကိုကို့တစ်မျက်နှာပဲကြည့်နေခဲ့မိတာပါလားလို့တွေးမိတော့လဲ ခြောက်ကပ်ကပ်ရယ်မိသေး"ဘာတွေရယ်နေတာလဲ"
"မဟုတ်ပါဘူး မနေ့ကကြည့်တဲ့ဇာတ်ကားကိုသတိရသွားလို့"
