ဒီနေ့တော့ဂျောင်ဝန်း ကျောင်းကိုစောစောရောက်နေသည်။
သူအခုတစ်လောပုံမှန်ထက်နည်းနည်းလူအာရုံစိုက်ခံနေရသလိုခံစားနေရသောကြောင့် လူတေေွသိပ်မရှုပ်ခင် စောစောလာလိုက်သည်"ကင်ဆောနူကမလာသေးဘူးလား ပျင်းလိုက်တာ"
ပျင်းတိပျင်းရွဲပုံစံနှင့်ခုံပေါ်မှောက်အိပ်နေတုန်း
"ဒီမှာရှင့် မောင်လေးဂျောင်ဝန်း"
"ဗ်ာ"
သူ့နာမည်ကို အခန်းဝကနေလှမ်းခေါ်လိုက်သောကြောင့်လှမ်းကြည့်လိုက်တော့ စီနီယာအစ်မတစ်ယောက်က ခေါ်နေတာဖြစ်သည်။
"ကျွန်တော်လား"
သူ့ကိုယ်သူလက်ညှိုးထိုးပြတော့ထိုအစ်မကခေါင်းငြိမ့်ပြီးပြုံးပြနေသေးသည်
"ဘာကိစ္စရှိလို့လဲဗျ"
"မောင်လေးကိုဒါလေးလက်ဆောင်ပေးချင်လို့ အစ်မကိုယ်တိုင်အိမ်ကနေဖုတ်ဘာတဲ့ကွတ်ကီးလေးတွေလေ မောင်လေးကိုစားစေချင်လို့ လက်ခံပေးနော်"
"ဗ်ာ"
ခဏကြောင်စီစီဖြစ်နေပြီးမှာ ငြင်းရမှာအားနာ၍ ယူလိုက်ရသည်။
"ကောင်းကောင်းစားပါ့မယ် ကျေးဇူးတင်ပါတယ်"
"ပြီးတော့လေမေးစရာလေးရှိလို့ အစ်မကိုရိုင်းတယ်လို့မထင်ပါနဲ့ ဒီတိုင်းရှင်းရှင်းလင်းလင်းသိချင်ရုံပါ"
"ဟုတ်ကဲ့ မေးပါ ရပါတယ်"
"ဟိုလေ မောင်လေးနဲ့ပတ်ဂျုံဆောင်းနဲ့က အတည်လမ်းခွဲလိုက်ကြပြီလား ဟင်"
"ဟုတ္တယ္ဗ် ဘာဖြစ်လို့လဲ"
"အော် ထွေထွေထူးထူးမဟုတ်ပါဘူး အစ်မကမောင်လေးကိုကြိုက်လို့လေ"
"ဗ်ာ!!"
"အဲ့တာဆိုကွတ်ကီးလေးကောင်းကောင်းစားပြီးအစ်မကိုစဉ်းစားပေးဦးနော် သွားပြီနော်ဂျောင်ဝန်းလေး"
ထိုစီနီယာအစ်မသည် သူပြောချင်ရာတွေပြောသွားပြီး ကွတ်ကီးပုလင်းကြီးလက်ထဲထိုးထည့်သွားကာ ပြေးလေတော့သည်။
ထိုအကြောင်းအရာကို corridor ကနေအစအဆုံးမြင်လိုက်တဲ့ဆောနူက ပြုံးစိစိနှင့်