အိမ်ရှေ့ထွက်လိုက်တာနဲ့ ကားအပြင်ထွက်ရပ်ပြီးကြိုစောင့်နေတဲ့ ကိုကို့ကိုတွေ့ရတယ်
"ဟော ရောက်နေရင်လည်းဖုန်းဆက်တာမဟုတ်ဘူး အေးနေတော့မှာပဲ လာမခေါ်ပါနဲ့ဆိုကိုကိုကလဲ"
"ကိုကိုရောက်တာမကြာသေးပါဘူးဝန်းရဲ့ ဝန်းနဲ့တူတူသွားချင်လို့လေ ကိုကို့ဘေးနားဝန်းလေးရှိနေတာပဲ ဘယ်အေးပါတော့မလဲ လာပါဦးကိုကို့အနွေးလုံးလေး ဖက်ထားဦးမယ်"
"အိုက်ဂူး အိုက်ဂူး ဒီလောက်နဲ့ပဲကားထဲဝင်ပါတော့နော် အအေးပတ်တော့မယ်ခင်ဗျ"
"ကျောင်းနားရောက်ရင်ကားရပ်နော် "
"ဘာလို့လဲဝန်းလေးရဲ့ သွားစရာရှိလို့လား ကိုကိုလိုက်ပို့မှာပေါ့"
"သွားစရာမရှိပါဘူး ကိုကိုကအရင်သွားလေ ကျွန်တော်သပ်သပ်လိုက်ခဲ့မယ် "
"ဘာလို့လဲ ကိုကိုနဲ့တူတူမသွားချင်လို့လားဟင်"
"မဟုတ်ပါဘူးကိုကိုရယ် ဟို...နည်းနည်း အင်း ရှက်လို့လေဆောနူတို့ကစကြမယ်ထင်တယ်"
"သူတို့စရင် ကိုကို့ရင်ခွင်ထဲဝင်နေပေါ့"
"ဟင်...တော်ပါ အဲ့ဒါကပိုရှက်စရာကောင်းတယ်"
မျက်မှောင်ကလေးကျုံ့ကာ ခန္ဓာကိုယ်လေးကို ဘေးဘက်သို့တွန့်သွားရင်းပြောလာတဲ့ချစ်စရာကလေးကြောင့် ဂျုံဆောင်းမှာအသည်းယားနေရတော့သည်။"ဟားဟားဟား...ချစ်လိုက်တာကလေးလေးရယ်"
ဂျုံဆောင်းကပြောပြောဆိုဆိုပင် ကားကိုလက်တစ်ဖက်နဲ့ထိန်းမောင်းရင်း ဂျောင်ဝန်းလက်ကလေးကိုလှမ်းကိုင်ပြီးတစ်ချက်နမ်းရှိုက်လိုက်သည်။
"ဝန်းလက်ကလေး ကိုကို့လက်ကြားမှာ ဒီလိုမျိုးလေးအံဝင်ခွင်ကျရှိနေတာက ကိုကို့ရဲ့နိဗ္ဗာန်ပဲ။ ဒီလက်ကလေးကို နောက်တစ်ခေါက်ပြန်ဖမ်းဆုပ်ထားနိုင်ပါ့မလားဆိုပြီး ဘယ်လောက်တောင်သောကများခဲ့ရသလဲ။တော်ပါသေးရဲ့ဝန်းလေးကို ပြန်ဖမ်းဆုပ်ထားနိုင်ခဲ့လို့။
မဟုတ်ရင်တော့ ဝန်းလေးမပါဘဲရှေ့ဆက်ရမဲ့ကိုကို့အနာဂတ်တွေကို တွေးကြည့်ရင်းနဲ့တောင်စိတ်ထဲမှာမွန်းကြပ်တယ်။"
