ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Part-2
^မင်း မျက်နှာ အမူအရာမပျက်စေနဲ့...
ငါမင်းတို့ကို စောင့်ကြည့်နေမှန်း မသိအောင်လုပ်ပေါ့...^
Chanyeol အတင်းခေါ်တဲ့အတွက်
နောက်ဆုံးတော့ Baekhyun တစ်ယောက်
လိုက်လာရတယ်လေ...
Baekhyun ပါလာတော့
Chanyeol ပိုပြီးပျော်ရွှင်နေတာတော့မှန်ပဲ...
သူမနဲ့ပိုပြီးခင်လာတော့မှ
Baekhyun နဲ့မိတ်ဆက်ပေးရမယ်လို့ တွေးလိုက်ပါသေးတယ်...
Baekhyun တစ်ယောက် ထောင့်နားကစားပွဲမှာ
ဦးထုပ်တစ်လုံးဆောင်းပြီး ထိုင်နေလေရဲ့...
ခဏကြာတော့ Cafe ထဲကို သူမ ရောက်လာပြီး
Chanyeol ထိုင်နေတဲ့ စားပွဲကို လျောက်လာတယ်...
Chanyeol ရဲ့ ပုံစံက ရိုးသားပြီး ကြည့်ကောင်းပေမယ့်
တစ်ချက်တစ်ချက် တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ ထင်မိတယ်...
ဒီနေ့လည်း အဲလိုပဲ...
ရုပ်ကလေးက ရိုးသားပေမယ့်
အပြစ်ကျူးလွန်ထားတဲ့ ပုံပေါက်နေတယ်လေ...
Sehun ဝင်ထိုင်လိုက်တဲ့ အချိန်မှာပဲ
Chanyeol ကိုမေးလိုက်တယ်...
^ဘာအပြစ်လုပ်ထားတာရှိလို့လဲ...^
^ဟမ်...^
Sehun ရုတ်တရပ်မေးလိုက်တော့
Chanyeol တစ်ယောက် မျက်လုံးအပြူးသားလေးဖြစ်သွားတယ်...
^မသိပါဘူး...တစ်ခုခု လူမိမှာစိုးနေသလားလို့...^
^Ar...Arni... ကျွန်တော် ဘာမှမလုပ်ထားပါဘူး...
ဒီအတိုင်း... စိတ်လှုပ်ရှားနေလို့ပါ...^
^ဘာဖြစ်လို့လဲ...^
^ကျွန်တော် တစ်ခါမှ အခုလို
မိန်းကလေးတစ်ယောက်နဲ့ မတွေ့ဖူးလို့ပါ...^
^aww...ဒါနဲ့ အချိန်သိပ်မရဘူးနော်...
သင်တန်းရှိသေးတယ်...^
Sehun သူမဘာသာပဲ Cafe Latte တစ်ခွက်မှာလိုက်တယ်...
Chanyeol ကတော့ ဘေးပတ်ဝန်းကျင်ကို
တစ်ချက်လှမ်းကြည့်ပြီးမှ Coffee တစ်ခွက်မှာလိုက်တယ်...
သူမလည်း ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်တယ်...
Chanyeol ကိုကြည့်ရတာ
တစ်ယောက်ယောက်ကို ရှာနေတယ် လို့ သူမ ခန့်မှန်းမိတယ်လေ...
ВЫ ЧИТАЕТЕ
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Фанфикшн"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)