ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ် [Behind The Scene]
Part-9
'ငါလည်းကျောင်း မပြေးဘူး...
မင်းလည်းကျောင်းမပြေးနဲ့...'
သူတို့နှစ်ယောက် အငြင်းပွားနေတဲ့ အချိန်မှာပဲ
ကျောင်းအပြင်ဝ နားမှာရပ်နေတဲ့ Kris တို့အုပ်စုက လက်ပြပြီးလှမ်းခေါ်နေတယ်...
အဲ့အချိန်မှာပဲ ကျောင်းတတ်ခေါင်းလောင်းက
စမြည်တော့တယ်...
'ဟေ့ကောင် Chanyeol...မင်းလုပ်တာနဲ့ ကျောင်းက ထွက်လို့မရပဲဖြစ်တော့မယ်...လာခဲ့...'
Baekhyun တစ်ယောက် Chanyeol လက်ကောက်ဝတ်ကို ဆွဲပြီး ကျောင်းအပြင်ဝကို တစ်ရှိန်ထိုးပြေးသွားတယ်...
ကျောင်းတတ်ချိန်မို့လို့ လူတွေရှုပ်နေတာကိုအခွင့်ကောင်းယူပြီး ကျောင်းဂိတ်မှာစောင့်ကြည့်နေတဲ့ ဆရာမမြင်အောင် လစ်တယ်ဆိုပါတော့...
Baekhyun ကတော့ ကျောင်းပြင်ထွက်နိုင်လို့ပျော်နေပေမယ့် Chanyeol တစ်ယောက်ကတော့ ကြောက်ဒူးတုန်နေလေရဲ့...
Kris တို့အုပ်စုနားလည်းရောက်ရော Baekhyun တစ်ယောက် အနိုင်ရသူတစ်ယောက်လို ရယ်နေပြီး Chanyeol ကတော့ သူ့ကို နားမလည်တဲ့အကြည့်တွေနဲ့လှမ်းကြည့်နေတယ်လေ...
'ဘယ်လိုလဲ Kris hyung? ကျွန်တော့်ကို အဖွဲ့ထဲသွင်းပြီလား?'
Baekhyun အောင်နိုင်သူတစ်ယောက်လို မာန်ပါပါနဲ့မေးလိုက်တယ်...
'စောပါသေးတယ်ကွာ...ကျောင်းပြေးနိုင်တာလောက်နဲ့တော့ အဖွဲ့ထဲမသွင်းနိုင်သေးဘူး ကိုယ့်ညီ'
'ဘာလဲဗျာ...'
Baekhyun စိတ်ပျက်လက်ပျက်နဲ့ညဉ်းလိုက်တယ်...
'လုပ်စရာတွေအများကြီးကျန်သေးတယ်ကွ...
အဲ့ဒါတွေလုပ်နိုင်မှ မင်းကို ငါတို့အဖွဲ့ထဲ ဝင်ခိုင်းမယ်...'
Kris hyung တို့အုပ်စုက ဘာတွေလည်း...
Baekhyun နဲ့ ဘယ်လိုသိသွားတာလဲ...
ဘယ်အချိန်ကတည်းက ရင်းနှီးသွားတာလဲ...
Chanyeol ဝေခွဲမရဖြစ်နေတယ်...
Baekhyun နဲ့ကျောင်းမှာ တစ်နေကုန်ရှိနေတယ် ဆိုပေမယ့် သူ အိမ်သာသွားရင် ကြာနေတတ်တာ...
ထမင်းစားချိန်မှာလည်း Baekhyun ကအစားမြန်တော့ အရင်ကုန်ပြီး ကစားကွင်းထဲအရင်သွားသွား တတ်တာတွေကို စဉ်းစားမိလာတယ်...
အဲ့အချိန်တွေမှာများ Kris Hyung တို့နဲ့သွားပေါင်းဖြစ်နေတာလား!?
ANDA SEDANG MEMBACA
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Fiksyen Peminat"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)