ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ်
Part-14
ကြိုတင်စီစဉ်ထားတဲ့အတိုင်း Sehun ရဲ့ တိုက်ခန်းတံခါးလေးမှာ သူမကြိုက်တဲ့ Larva အရုပ်ကလေးတွေပါတဲ့ ပန်းစည်းလေးကို သွားချိတ်ထားလိုက်တယ်...
အဲဒီမနက်မတိုင်ခင် Sehun ကို ပန်းစည်းလက်ဆောင် လာပေးဖို့အကြံကို Baekhyun ဆီ တိုင်ပင်မိတော့ ထူးထူးဆန်းဆန်း သဘောတူတယ်လေ...
အရင်တုန်းကဆို Baekhyun က Chanyeol ဘာလုပ်လုပ် လှောင်ဖို့ ဟားဖို့ ဝေဖန်ဖို့ပဲ သိတဲ့သူလေ...
'ထူးထူးနဲ့ဆန်းဆန်း မင်း အခုတလော သဘောကောင်းနေတယ် Baekhyun...'
'ဘာလို့...'
'ဟုတ်တယ်လေ...အရင်တုန်းကဆို မင်းဆိုတဲ့ Baekhyun က ငါ့ကို ဝေဖန်ကဲ့ရဲ့ဖို့ မွေးလာတဲ့သူလိုပဲ...'
'xxx ကောင်... ငါဆောင့်ကန်လိုက်ရ...'
'ဟေ့ကောင်...ငါ့အဖေလေသံနဲ့မပြောနဲ့...'
Baekhyun က အဲဒီစကားကို Chanyeol အဖေပြောသလို တစ်ပုံစံထဲ လိုက်ပြောနိုင်တယ်...
Copycat ဆိုလည်းမမှားဘူးပေါ့...
ခွေးပေါက်သံ တို့...မော်တော်ဆိုင်ကယ်သံတို့ တွေကို အသံတုလိုက်လုပ်နိုင်တယ်လေ...
မရှိမဲ့ရှိမဲ့ ပါရမီပေါ့...
'မင်းက သိပ်ပေးချင်နေတော့လည်း ငါကမတားတော့တာပါကွာ...မင်းရဲ့ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အစီအစဉ်က တုံ့ပြန်မှု ဘယ်လောက်ကောင်းလဲ ဘယ်လောက် အောင်မြင်လဲဆိုတာ စောင့်ကြည့်ချင်လို့...'
သူတို့နှစ်ယောက် မနက်အစောကြီး အိမ်ကထွက်လာပြီး Sehun ရဲ့ တိုက်ခန်းမှာ လက်ဆောင်လေးသွားချိတ်ပြီး နံရံထောင့်ကိုအကာအကွယ်ပြုရင်း စောင့်ကြည့်နေတယ်...
လူတွေ့ပြီးပေးလို့ရပေမယ့် surprise လေးလုပ်ပြီးပေးတာပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ထင်တယ်လေ...
ဒီတစ်ခေါက်လည်း Baekhyun က စိတ်ပါလက်ပါကူညီမယ်ဆိုတော့ Chanyeol တစ်ယောက် ပိုပြီးတက်ကြွနေတယ်...
ESTÁS LEYENDO
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Fanfiction"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)