ဖြစ်ရပ်မှန် တစ်ခု၏နောက်ကွယ်
Part - 18
'အိမ်မှာ အန်တီ Song ပြင်သစ်ကနေပြန်ရောက်နေတယ်သိလား...'
သူမ သိထားပြီးသားအကြောင်းအရာဖြစ်ပေမယ့် မသိချင်ယောင်ဆောင်ရင်း ပြန်ဖြေလိုက်တယ်...
'ဟုတ်လား?'
Chanyeol မသိသေးတာက အန်တီ Song Korea ကို ပြန်ရောက်ရောက်ချင်း မှာပဲ Chanyeol အမေ, သူမအပါအဝင် သုံးယောက်ဆုံပြီး စကားပြောနှင့်ပြီးသားဆိုတာကို...
'Sehun က Chanyeol နဲ့ အနီးဆုံးသူတစ်ယောက်ဖြစ်ပြီး သူဖန်တီးထားတဲ့ Baekhyun ရဲ့ဇာတ်ကောင်ကို အသိဆုံးမို့လို့ အခုလို စကားပြောဖို့ခေါ်ရတာပါ...'
အန်တီ Song ဘက်က မေးမြန်လာတော့ Sehun လည်း သိထားသမျှ Chanyeol မှတ်ဥာဏ်ထဲက Baekhyun ဆိုတဲ့ ကောင်လေးအကြောင်းကို တစ်လုံးမချန်ပြောပြထားပြီးပြီလေ...
Chanyeol မရိပ်မိခဲ့ပါဘူး...
မိသားစုတွေအကုန်ပူးပေါင်းပြီး သူ့အတွက် အကောင်းဆုံးလုပ်ပေးနိုင်မယ့် နည်းလမ်းကို ရှာနေကြပြီဆိုတာကိုလေ...
'အန်တီ Song ဒီတစ်ခေါက် ရောက်လာတာကို မကြိုက်ဘူးကွာ...'
'ဘာဖြစ်လို့လဲ...'
'လူကို ဟိုမေးဒီမေး...ဟိုစစ်ဒီစစ်နဲ့...'
'ဘာတွေမေးလို့လဲ...'
'ဒီအတောအတွင်း သူငယ်ချင်းမရှိပဲနဲ့ ဘယ်လိုနေခဲ့လဲတို့... မသိအောင်ပေါင်းနေတဲ့ သူငယ်ချင်းရှိလားတို့...Baekhyun နဲ့ အပေါင်းအသင်းလုပ်နေတာကို ရိပ်မိသလိုလိုနဲ့မေးတယ်...'
'အန်တီ Song က ပြန်ရောက်တာမှ မကြာသေးတာ Chanyeol Baekhyun နဲ့ ပေါင်းနေတာ ဘယ်လိုလုပ်သိမှာလဲ...'
Sehun အလိုက်သင့်လေးပြန်ပြောပေးပြီး သူ့ဘက်က ပြောလာမယ့်စကားတွေကိုစောင့်နေလိုက်တယ်...
'သူက သိပ်အကင်းပါးတာ...ကိုယ့် အဖေအမေလို ကိုယ်ဘာလုပ်လုပ် အပြစ်မမြင်တဲ့သူမဟုတ်ဘူး...ငယ်ငယ်လေးကတည်းက ကိုယ့်အပြစ်ကိုပဲ လိုက်ရှာနေတဲ့သူ...'
ESTÁS LEYENDO
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Fanfiction"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)