An accident or a scene! (Part-11)

3.1K 367 13
                                        

ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ် [Behind The Scene]
Part-11

နေဝင်​ပြီး​မှောင်​စ ပြုလာတဲ့အချိန်​ Chanyeol တစ်​​ယောက်​ ​ကြောက်​ဒူးတုန်​လာတယ်​...
Baekhyun က​တော့ ကားလက်​မှတ်​နှစ်​​စောင်​ကိုင်​ပြီး လူကြီးတစ်​​ယောက်​လို ကားအလာကို​စောင့်​​နေတယ်​​လေ...

'​Baekhyun-ah...'
Chanyeol တစ်​​ယောက်​ ငိုသံ​လေးနဲ့ အားကိုးတကြီးလှမ်း​ခေါ်လိုက်​တယ်​...
နေမထိ ထိုင်​မသာနဲ့ ဖျားချင်​သလိုလိုဖြစ်​လာတယ်​​လေ...

'ဘာလဲ?'

'ငါ...ငါအိမ်​ပြန်​ချင်​တယ်​...'

'ဟာကွာ မင်းကလည်း အ​ရေးထဲမှ...ဟိုမှာကားလာ​တော့မယ်​...'

'ငါဖျား​နေပြီထင်​တယ်​...'

'မှန်း...'
Baekhyun လက်​ဖဝါး​လေးနဲ့ Chanyeol နဖူးကို စမ်းကြည့်​လိုက်​တယ်​...

'မင်းကလည်းကွာ...ခုနက အ​ကောင်းကြီးကို...'

'မင်းကို ငါ​ပြောသားပဲ...အ​အေးမ​သောက်​ချင်​ပါဘူးဆိုတာကို...မင်းကအတင်းတိုက်​တာကိုး...ပြီး​တော့ ​နေပူထဲလာရ​တော့ အာသီး​ရောင်​ပြီး ဖျားချင်​လာ​ရော..'

Baekhyun, chanyeol ရဲ့ မျက်​နှာအမူအရာကိုကြည့်​ပြီး သနားသွားတယ်​...
'အိမ်​​တော့ မပြန်​ပါနဲ့ ကွာ...အိမ်​ကထွက်​လာပြီးမှ ချက်​ချင်းပြန်​တာ မမိုက်​ပါဘူး...'

'ငါ​နေမ​ကောင်းဘူးကွ...ငါ​နေမ​ကောင်းရင်​ မင်းက ငါ့ omma လို ပြုစုတတ်​မှာမဟုတ်​ဘူး...omma ဆို ငါဖျားရင်​ ​ဘေးမှာတစ်​ချိန်​လုံးရှိ​နေ​ပေးတာ...ပြီး​တော့ ငါက ​ဆေး​သောက်​ရင်​ နင်​တတ်​လို့ ​ချေ​ပေးမှ​သောက်​တတ်​တာ...ဒါ​တောင်​ သကြားနဲ့ နို့ဆီပါမှ...မဟုတ်​ရင်​ ခါးတယ်​...ပြီး​တော့ ဘာမှစားချင်​စိတ်​မရှိရင်​ omma ငါ့ကို ပူတင်းလုပ်​​ပေးတာ...မင်းက ပူတင်းလုပ်​တတ်​လို့လား...အဲဒါ​ကြောင့်​ ငါစိတ်​ပူပြီး အိမ်​ပြန်​ချင်​တာ...'

'Bus car မထွက်​​သေးဘူး နာရီဝက်​​လောက်​ အချိန်​ရ​သေးတယ်​ဆို​တော့ ​ဆေးခန်းသွားပြရ​အောင်​...ဟိုမှာ လမ်းကူးလိုက်​ရင်​ ​ဆေးခန်း​ရောက်​ပြီ...ဆရာဝန်​​ပေးတဲ့​ဆေး​သောက်​လိုက်​ရင်​ ခဏ​လေးနဲ့သက်​သာသွားမှာပါကွာ...အိမ်​မပြန်​ချင်​ပါနဲ့ ငါတစ်​​ယောက်​လုံးရှိတာကို...လာ'

ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]Место, где живут истории. Откройте их для себя