ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ် [Behind The Scene]
Part-7
Chanyeol နေကောင်းလာပြီး ထုံးစံအတိုင်း Sehun သင်တန်းအရှေ့မှာလာစောင့်နေတယ်...
Sehun သင်တန်းကနေဆင်းဆင်းလာချင်း Chanyeol တစ်ယောက်တည်းကိုပဲတွေ့လိုက်ရတော့ မလိုမကျတဲ့မျက်နှာကလေးနဲ့ Chanyeol ဆီကိုလျှောက်လာတယ်...
^Sehun... မျက်နှာလည်းမကောင်းပါလား...ဘာကိစ္စရှိနေလို့လဲ...^
^Baekhyun ကြောင့်ပေါ့...^
^ဗျာ...Baekhyun ကြောင့်???^
^အင်းလေ...Sehun သေချာပေါက် Baekhyun ကိုမှာထားရဲ့သားနဲ့...^
^ဘာမှာထားလို့လဲ...^
^သူ့ကိုတွေ့ချင်ပါတယ်လို့...Chanyeol, Sehun ဆီလာရင် သူပါလိုက်ခဲ့လို့ မှာထားတာကို...^
Sehun ပြောရင်းဆိုရင်း Chanyeol ကို လှမ်းအကဲခတ်လိုက်သေးတယ် သဝန်တိုစိတ်ကလေးများရှိမလားလို့...
ဒါပေမယ့် Chanyeolကတော့ သဝန်တိုဖို့နေနေသာသာ မျက်နှာမှာ အံ့သြနေတဲ့ ပုံကြီးက ထင်းလို့...
^သူ ကျနော့်ကိုဘာမှလည်း မပြောထားပါဘူး...^ Chanyeol ခဏလောက်တွေဝေနေပြီးမှပြန်ပြောလိုက်တယ်...
^အမြဲတမ်းတွေ့ကြတယ်ပေါ့...^
^တွေ့ဖြစ်ပါတယ်...မတွေ့ဖြစ်ရင်လည်း သူ ကျနော့်ကို ဖုန်းဆက်ပြီး သတင်းမေးတယ်...ဒါပေမယ့် Sehun နဲ့သူ့ရဲ့ အကြောင်းကိုတော့ ဘာမှပြန်မပြောဘူး...^
^အဲဒါဆို သူကဘာသဘောလဲ...မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ် ပြောပြီး လာတွေ့ဆိုတော့ လာမတွေ့ဘူး...^
Chanyeol တစ်ယောက် မဖြေတတ်သလိုလိုနဲ့ ဘောင်းဘီအိတ်နှစ်ဖက်ထဲလက်ထည့်ရင်း ပုခုံးလေးတွန့်ပြတယ်...
သဝန်မတိုတတ်ဘူးလား Chanyeol ရယ်...
ရှင့်အရင်းအနှီးဆုံးသူငယ်ချင်းက ရှင့်ကောင်မလေးကို လုယူဖို့ကြိုးစားနေတာကို ဘယ်လိုမှမနေဘူးလား...
Sehun ကို အဆုံးအရှုံးမခံချင်ရင် ဖွင့်ပြောလိုက်သင့်ပါတယ်...
^သူ့ကိုတွေ့ချင်တယ်...ခေါ်လာခဲ့ပေး...^
^ရပါတယ်...^
Chanyeol ကတော့ အနည်းငယ်လေးတောင်မှတုန်လှုပ်သွားဟန်မရှိ...
ВЫ ЧИТАЕТЕ
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Фанфикшн"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)