ဖြစ်ရပ်မှန် တစ်ခု၏နောက်ကွယ်
Part - 19
Baekhyun တစ်ယောက် Chanyeol ကုတင်ပေါ်မှာ ခေါင်းအုံးနှစ်လုံးဆင့်ကာ ခေါင်းတင်လှဲနေရင်း လက်က အငြိမ်မနေ...
Tennis ဘောလုံးကို နံရံကို ချိန်ဆပြီးလှမ်းပစ်လိုက်...ပြန်ကန်ထွက်လာတာနဲ့ လက်နဲ့ပြန်ဖမ်းလိုက်လုပ်နေတယ်...
အသံကလည်း တဗုန်းဗုန်းနဲ့ဆိုတော့ အခန်းအပြင်က Chanyeol မိဘတွေကြားရတာမဆန်းပေ...
'Chanyeol! သား...တဗုန်းဗုန်းနဲ့ ဘာလုပ်နေတာလဲကွယ်...နားငြီးရငြီးနဲ့...'
'ကျွန်တော် ဘောလုံးပစ်ကစားနေတာ Omma ရဲ့...'
Chanyeol အမြတမ်း လိမ်ညာတတ်ပြီး အခန်းတံခါးကိုလည်း ဖွင့်မပေးတဲ့အတွက် အိမ်ကလူတွေကတော့ Chanyeol ဆော့နေတာလို့ပဲထင်ကြတာပေါ့...
အမှန်က Baekhyun သောင်းကျန်းနေတာလေ...
အရင်နေ့တွေကလည်း စိတ်ပြေလက်ပျောက် လာလာဆော့တတ်ပေမယ့် ဒီနေ့ကတော့ နံရံကို ဒေါသတကြီးပစ်ပေါက်နေတာနဲ့တူနေတယ်...
'မင်း ကောင်မလေး အခုကျမှ ဒီအချိုးလာချိုးတာ ငါမကြိုက်ဘူးကွာ...'
Baekhyun ပြောလာတော့ Chanyeol အမှားလုပ်ထားတဲ့သူတစ်ယောက်လို ခေါင်းငုံ့ပြီးငြိမ်နေတယ်...
Sehun ကို ချစ်ပေမယ့် အခုတလော Baekhyun နဲ့ သူရဲ့ ခင်မင်မှုကို တားဆီးချင်သလိုလို မကျေနပ်သလိုလို ပြောလာတော့ သူကိုယ်တိုင်လည်း သိပ်မကြိုက်လှပါ...
သူမကို ချစ်လည်းချစ်သလို တစ်ခါတစ်လေလည်း ဝင်ပါလွန်းတဲ့အတွက် စိတ်လည်းပျက်မိတယ်...
အဲဒါအပြင် Baekhyum ကပါ Sehun ကို မုန်းနေလေတော့ အရာအားလုံးက သူ့အပြစ်တစ်ခုလို Chanyeol ခံစားနေရတယ်လေ...
သူကလည်းသူပဲ...
Sehun နဲ့ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို Baekhyun ဆီသွားပြောနေမိတာကိုး...
သူသာ ပြန်မပြောပြခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး...
'Chanyeol-ah, မင်းထင်လား? မင်းကောင်မလေးက မင်းအမေနဲ့ အန်တီ song ဆီ ငါ့အကြောင်းတွေသွားပြောလိမ့်မယ်လို့?'
VOCÊ ESTÁ LENDO
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Fanfic"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)