Real Park Chanyeol? (Part-15)

3.2K 352 23
                                        

ဖြစ်​ရပ်​မှန်​တစ်​ခု၏​နောက်​ကွယ်
Part-15

Sehun Chanyeol ပို့​ပေးထားတဲ့ စာ​လေးကိုဖတ်​ပြီး ဆုံးဖြတ်​ချက်​တစ်​ခုချရင်း သူ့ဆီဖုန်းဆက်​လိုက်​တယ်​...

'Sehun! ကျွန်​​တော့်​ကို ဖုန်းဆက်​တယ်​​နော်​...ကျွန်​​တော်​သတိရ​နေတာ...'

'​တော်​ပါ...စာရတယ်​လို့​ပြောချင်​လို့...'

'အင်း...Sehun Baekhyun ကို မြင်​ဖူးချင်​တယ်​ဆိုလို့ ပို့လိုက်​တာပါ...'

'ရှင့်​ သူငယ်​ချင်းက ရုပ်​ဆိုး​နေလို့ Sehun ကို လာမ​တွေ့ရဲတာလို့ထင်​​နေတာ...'

'သူက ရုပ်​မဆိုးပါဘူး...​ချောတယ်​မလား?'

'မ​ချောပါဘူး...ရုပ်​ကိုက...ရုပ်​မဆိုးရုံ​လေးပဲ...'

'အဲဒါဆို ကျွန်​​တော်​က​ရော..?'

'သိချင်​ရင်​ မှန်​ထဲပြန်​ကြည့်​​လေ...'

'ကျွန်​​တော့က​တော့ ကိုယ်​ကိုကိုယ်​ရုပ်​မဆိုးဘူးလို့​တော့ထင်​တာပဲ...Baekhyun က​တော့ သူစိတ်​​ကောင်းဝင်​ရင်​ ​ချောတယ်​လို့ ခဏခဏ​ပြောဖူးတယ်​...'

'မနိုင်​ဘူး...'

အဲလိုနဲ့ Sehun တို့နှစ်​​ယောက်​ အရင်​အတိုင်း ပြန်​ဆက်​သွယ်​​နေကြရင်း တစ်​ပတ်​​လောက်​ကြာ​တော့ သူက အ​ဖြေ​တောင်းလာတာနဲ့ လက်​ခံလိုက်​တယ်​​လေ...

Sehun သူ့ကို မချစ်​ဘူးလားဆို​တော့ ချစ်​ပါသည်​...
သူမကိုယ်​တိုင်​ကလည်း ချစ်​​နေမိလို့ အ​ဖြေ​ပေးလိုက်​တာဖြစ်​သလို Baekhyun နဲ့ Chanyeol ပတ်​သက်​မှုကို ဒီထက်​ပိုပြီး
စောင့်​ကြည့်​ချင်​​သေးလို့လဲပါတာ​ပေါ့​လေ...

'Sehun! ကိုယ်​တို့နှစ်​​ယောက်​အ​ကြောင်း Omma ကို​ပြောပြလိုက်​ပြီသိလား?'

'ဟင်​?'

'အင်း...Omma ဆီက​နေ အ​ဒေါ်သိသွား​အောင်​လို့...'

'ဘယ်​က အ​ဒေါ်လဲ?'

'ကိုယ့်​မှာ အ​ဒေါ်​တွေရှိတယ်​...သူတို့က ပြင်​သစ်​မှာ​နေကြတာ​လေ...အ​ဒေါ်တစ်​​ယောက်​ က အမြဲတမ်းကိုယ့်​ကို​​​တွေ့တိုင်း
မယုံကြည်​သလိုနဲ့ကြည့်​တယ်​...အခုအချိန်​ထိ ရည်းစားမရ​သေးတာ ပုံမှန်​မဟုတ်​လို့ဆိုပြီး ဘာညာနဲ့...ငယ်​ငယ်​တုန်းက Baekhyun ​ကြောင့်​ စိတ်​ထိခိုက်​ရတာကို ပြန်​​ဖော်​ပြီး စစ်​​ဆေးသင့်​တယ်​​လေးဘာ​လေးနဲ့...​အေး​လေ သူကိုယ်​တိုင်​က စိတ်​​ရောဂါဆရာဝန်​ဆို​တော့ ​တွေ့သမျှလူတိုင်းကို စိတ်​​ရောဂါဝင်​​နေတယ်​လို့ထင်​မှာ​ပေါ့...သူက omma နဲ့ ​အဆက်​အသွယ်​ရရင်​ အမြဲတမ်း ကိုယ့်​အ​ကြောင်း​မေးတယ်​...အခုဆို ​ကိုယ့်​မှာ ချစ်​သူရှိ​ကြောင်း omma ပြန်​​ပြောလို့ရပြီ​လေ...အဲ့ဒါမှ ကိုယ့်​ကို စိတ်​​ရောဂါရှိတယ်​ဆိုပြီး အထင်​မမှား​တော့မှာ...'

ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]Donde viven las historias. Descúbrelo ahora