Multiple Personality (Part-17)

3.3K 364 24
                                        

ဖြစ်​ရပ်​မှန်​ တစ်​ခု၏​နောက်​ကွယ်
Part - 17

Chanyeol အ​မေ အရင်​​ရောက်​နှင့်​​နေတဲ့ Sehun ထိုင်​​နေရာနားကို ​လျှောက်​လာပြီး ဝင်​ထိုင်​လိုက်​တယ်​...

သားအ​ပေါ် ပူပင်​​သောက​ရောက်​​နေတဲ့ အ​မေတစ်​​ယောက်​ရဲ့ စိုးရိမ်​ပူပန်​မှုကို မြင်​ရ​တော့ Sehun စိတ်​မ​ကောင်း​ပေ...

'​ရောက်​တာကြာပြီလား သမီး...'

'မကြာ​သေးပါဘူး...Sehun လည်း ခုနကမှ​ရောက်​တာ...ဘာ​သောက်​မလဲရှင့်​...'

'​ရေတစ်​ခွက်​ပဲ...ဘာမှလည်း ​သောက်​ချင်​စိတ်​မရှိပါဘူးကွယ်​...'

'အရမ်းကြီး စိတ်​မပူပါနဲ့ အန်​တီရယ်​...တကယ့်​ အဖြစ်​မှန်​ကိုသိရင်​ သမီးတို့ Chanyeol ကိုတစ်​ခုခုလုပ်​​ပေးနိုင်​မှာပါ...'

'ဘယ်​အချိန်​ကတည်းက ဒီလိုဖြစ်​​နေမှန်းမသိခဲ့ဘူးတာကို ​နောင်​တအရဆုံးပဲ...သား​လေးတစ်​​ယောက်​ထဲရှိတာ ဂရုမစိုက်​မိခဲ့သလိုဖြစ်​​နေတယ်​...'

'အခုကိစ္စအ​ပေါ် အန်​တီဘယ်​လိုထင်​လဲဟင်​...'

'ညက သူ့အ​ဒေါ်ဆီ ph ဆက်​ပြီး​မေးကြည့်​​တော့ သားက စိတ်​​ရောဂါပြန်​ရ​နေတာတဲ့...'

'ရှင်​? အဲဒါဆို...ဟိုဓာတ်​ပုံကိစ္စက​ရော?'

အန်​တီ စားပွဲထိုး​လေးလာချ​ပေးတဲ့ ​ရေတစ်​ခွက်​ကို လှမ်းယူ​သောက်​ပြီး​တော့ ဆက်​​ပြောတယ်​...

'အခု​ခေတ်​မှာ edit ​တွေ effect ​တွေလုပ်​တာက ခပ်​များများ​လေကွယ်​...ပင်​လယ်​မှာရိုက်​ထားတဲ့ပုံက ​ဝေး​နေ​တော့ သိပ်​မသဲကွဲ​အောင်​လုပ်​​ထားတာ...အရွယ်​အစား​တွေဘာ​တွေက အကုန်​ ဖြတ်​ညှပ်​ကပ်​​တွေလုပ်​လို့ရတယ်​​လေ
...Baekhyun တစ်​​ယောက်​တည်းပုံကျ​တော့လဲ ​ခေါင်းငိုက်​ထားတာဆို​တော့ ​အ​သေအချာမ​ပြောနိုင်​ဘူး​လေ...နှစ်​​ယောက်​စလုံးသူပြဲဖစ်​​နေမလားဆိုတာ...'

Sehun မယုံကြည်​နိုင်​​အောင်​ဖြစ်​​နေတယ်​...

'ဒါဆို...Sehun ကို ph ​တွေဆက်​ email ​တွေပို့တာကျ​တော့​ရော?'

'အဲဒါ​တွေကိုလည်း သူ့အ​ဒေါ်က ဖြစ်​နိုင်​တာ​တွေကို အ​သေးစိတ်​ရှင်းပြတယ်​... ဖြစ်​နိုင်​​ချေအများဆုံးက သားက သူကိုယ်​တိုင်​ Chanyeol ဖြစ်​လိုက်​...Baekhyun ဖြစ်​လိုက်​ဖြစ်​​နေတာတဲ့... လူတစ်​​ယောက်​တည်းမှာ စိတ်​နှစ်​မျိုးဖြစ်​​နေတဲ့ Multiple Personality လို့​ခေါ်တဲ့ ​စိတ်​​ရောဂါမျိုး...သားက သူ့စိတ်​ထဲမှာ အစွဲအလမ်းကြီးပြီး မရှိ​တော့တဲ့ Baekhyun ကိုဖန်​တီးတယ်​...စကား​တွေ​ပြောတယ်​...အတူတူ​လျှောက်​သွားတယ်​...သမီးနဲ့​တွေ​တော့လည်း နှစ်​​ယောက်​ပြိုင်​တူကြိုက်​ကြတယ်​ဆိုပြီး သူ့စိတ်​က ထင်​ချင်​ရာထင်​​နေတာပါ...ph ဆက်​တဲ့ကိစ္စကျ​တော့ Chanyeol စိတ်​ဝင်​​နေတဲ့အခါမှာ​တော့ သာမန်​ Chanyeol အသံဖြစ်​ပြီး Baekhyun စိတ်​ဝင်​လာရင်​​တော့ အသံက တစ်​မျိုး​ပြောင်းသွား​တတ်​တာတဲ့...သမီးဆီ Baekhyun ဖုန်းဆက်​ဖူးတယ်​ဆို​တော့ သူ့အသံဘယ်​လို​နေလဲ မှတ်​မိလား?'

ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]Où les histoires vivent. Découvrez maintenant