Best Friends Never Let you do stupid things alone (Part-8)

3.4K 379 7
                                    

ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ်
Part-8

^ကျနော်နဲ့ Baekhyun နဲ့က မွေးကတည်းက ခြံချင်းကပ်…ကလေးဘဝထဲက သူငယ်ချင်းတွေလေ…အရင်တုန်းက မိဘ နှစ်ဦးနှစ်ဖက်ကလည်း အခုလိုမဟုတ်ပဲ အရမ်းခင်ကြတာဆိုတော့ ကျနော်တို့နှစ်ယောက်လည်း တစ်အိမ်တက် တစ်အိမ်ဆင်းပေါ့…^

Flash Back

အမြဲတမ်း အတန်းထဲမှာ တစ်ပူးပူးတစ်တွဲတွဲ ထိုင်နေတဲ့ သူတို့နှစ်ယောက်လောက် ဘယ်သူမှ ခင်နိုင်ကြမယ်မထင်…

Chanyeol အတွက် Baekhyun က အချစ်ဆုံးသူငယ်ချင်းသူငယ်ချင်းတစ်ယောက်ဖြစ်ပြီး Baekhyun အတွက် Chanyeol ကလည်း ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော သူငယ်ချင်းတစ်ယောက်ပဲလေ…

မူကြို စတတ်တော့လည်း အတူတူ သူငယ်တန်းကျောင်းအပ်တော့လည်း အတူတူ မို့ ခုံနံပါတ်ကလည်း ဘေးချင်းကပ်ဖြစ်ပြီး နှစ်တိုင်း တစ်တန်းတည်း ဘေးချင်းကပ်ပဲလေ…

သူများတွေလိုမျိုး ကျောင်းဆင်းရင် ခွဲရတဲ့ သူတွေမဟုတ်တော့ တစ်နေ့မှည အိပ်ချိန် ဆယ်နာရီ, အိမ်ပြန်ပြီးရေချိုးထမင်းစား တစ်နာရီ နှုတ်ရင် ကျန်တဲ့ ဆယ့်သုံးနာရီလုံးလုံးအတူတူ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘယ်သူမှမှီမယ်မထင်ပါဘူး…

Chanyeol ကတော့ တစ်ဦးတည်းသော သားဖြစ်လို့ Baekhyun ကို အဖော်လုပ်ပေါင်းနေသလို Baekhyun ကတော့ အစ်မနှစ်ယောက်ရှိပေမယ့် အသက်ကွာတာမို့ maknae ဆိုပြီး အလိုလိုက်ဖူးဖူးမှုတ်ထားပေမယ့် အိမ်မှာမပျော်…

အချိန်ရရင်ရသလို Chanyeol အိမ်ပေါ်ရောက်ရောက်လာတတ်စမြဲ…

တစ်ခါတစ်လေ ကျောင်းပိတ်ရက်တွေဆို ထမင်းမစား ရေမချိုးပဲ တစ်နေကုန် တစ်နေခမ်း ဆော့တတ်ကြသေးတယ်လေ…
(အာပေတူးနှစ်ကောင်လေ…ပုံသာဖော်ကြည့်တော့ xD )

Baekhyun မိဘတွေကလည်း Chanyeol အိမ်ဆို ကြည်ကြည်ဖြူ ဖြူ လွှတ်သလို Chanyeol ကိုလည်း Baekhyun အိမ်ဆိုစိတ်ချလက်လျ လွှတ်စမြဲ…

Chanyeol ဘဝမှာ Baekhyun အမေခွံ့သော ထမင်းကို အားရပါးရစားဖူးသလို Baekhyun မှာလည်း Chanyeol အမေခွံ့သေးထမင်းကို အငမ်းမရစားရပေါင်း မနည်းတော့… xD

ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]Où les histoires vivent. Découvrez maintenant