ဖြစ်ရပ်မှန် တစ်ခု၏နောက်ကွယ်
Part - 22
'သူ Sehun ကို မုန်းနေတာ...'
Sehun မျက်နှာငယ်လေးနဲ့ ပြောတော့ အန်တီ Song က နှစ်သိမ့်တယ်...
'မဟုတ်ပါဘူး Sehun ရယ်...ဒါက စိတ်မမှန်တဲ့သူတွေရဲ့ အတွေးအခေါ်ပါ...ပုံမှန်စိတ်မဟုတ်တဲ့သူတွေက ကိုယ့်မိဘအရင်းကိုတောင်ပြန်လုပ်ကြံတဲ့ အဆိုးရွားဆုံးအခြေအနေတွေရှိသေးတာပဲကွယ်...ပြီးတော့ သူတို့ စိတ်ပြန်လည်လာရင် ဘာလုပ်လို့ လုပ်မိမှန်းတောင် သိတာမဟုတ်ဘူး...အခု သမီးနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေ သူ့စိတ်ရင်းမဟုတ်ပါဘူးကွယ်...'
သူမ မျက်ရည်တွေသုတ်နေတုန်း Chanyeol မိဘနှစ်ယောက်လုံး ဘေးနားမှာ ဝင်ထိုင်လာတယ်...
'Sehun...သမီး ကိုခေါ်တွေ့ပြီး သတိပေးတာပါ...အခုနောက်ပိုင်း Chanyeol နဲ့ မတွေ့သေးနဲ့ဦးနော်...သူ သမီးအပေါ် တစ်ခုခု ကျူးလွန်မိမှာစိုးလို့ပါ...အတတ်နိင်ဆုံး ရှောင်နေတာ သမီးအတွက် ကောင်းမယ်...ပြီးတော့...သူ့ကို အန်တီ့ ဆရာဆီမှာ အပ်ပြီး ကုသတော့မယ်လို့ အသိပေးချင်လို့ပါ...'
အဲဒီအချိန်မှာပဲ အိမ်ရှေ့ကို ကားတစ်စီး အရှိန်နဲ့ ထိုးရပ်တဲ့ အသံကြားလိုက်ရတယ်...
ကားတစ်ခါးကို ဝုန်းခနဲ ဆောင့်ပိတ်ပြီး ဧည့်ခန်းထဲကို ဒေါသတကြီး ရောက်ချလာတဲ့ Chanyeol ကိုတွေ့တော့ အားလုံး
ထိတ်လန့်ကုန်ကြတယ်...
'Chanyeol!'
သူမ တအံတသြနဲ့ ရေရွတ်လိုက်မိတယ်...
ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး Chanyeol အဖြစ်နဲ့ပဲရှိနေပေးပါ...
'ဒါ...ဒါ ဘာလုပ်နေကြတာလဲ...Se...Sehun မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ? ပြောလေ?'
Chanyeol တစ်ယောက် သူမ အနားကပ်လာပြီး အသိစိတ်လွတ်နေတဲ့သူတစ်ယောက်လို အော်ပြီးမေးနေတယ်...
'ဟို...Sehun...အန်တီ Song ကို လာတွေ့တာပါ...'
'ဘာကိစ္စနဲ့လာတွေ့တာလဲ? ဟမ်! ငါတောင် မိတ်မဆက်ပေးရသေးပဲနဲ့ ဘာကိစ္စနဲ့လာတွေ့တာလဲ?'
VOCÊ ESTÁ LENDO
ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]
Fanfic"မဟုတ်ဘူး...Baekhyun လုံးဝ မသေဘူး...သူ ကျွန်တော့်အနားမှာ အမြဲတမ်းရှိတယ်..." -Chanyeol "ကျေးဇူးပြုပြီး Baekhyun ဆိုတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပါတော့ Chanyeolရယ်..." -Sehun "ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ Sehun... မင်း...
![ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]](https://img.wattpad.com/cover/37969565-64-k207646.jpg)