She hate him (Part-3)

4.2K 433 0
                                        

ဖြစ်ရပ်မှန်တစ်ခု၏နောက်ကွယ်မှာ [Behind The Scene]
Part-3

Chanyeol တစ်ယောက် ကြိုးစားပမ်းစား
ရှာဝယ်ထားရတဲ့ Larva ဘေးလွယ်အိပ်ကလေးကို
တသသ သိမ်းနေတာကိုမြင်တော့
Baekhyun အမြင်ကပ်ပြီလေ...

^အိတ်ကိုလက်ကမချနိုင်ဘူးလား...
မျက်စိနောက်လာပြီနော်...^

^ငါမနည်းရှာဝယ်ထားရလို့ပါကွာ...
တစ်ခုခုစွန်းသွားရင် သွားပြီကွ...
ပြန်ဝယ်ဖို့မလွယ်ဘူး...^

Baekhyun တစ်ယောက် စူပုပ်ရင်း...

^ဖြစ်နေလိုက်တာကွာ...
ဟိုကဖြင့် မင်းကိုသိပ်မကြည်ပဲနဲ့...^

^ဘာလို့လဲ...^

^ဖုန်းဆက်တော့လည်း ပြောချင်သလိုလို
မပြောချင်သလိုလိုနဲ့မလား...^

^အခုမှ ပထမဦးဆုံး ဆက်တာဆိုတော့...
အဲလောက်တော့ရှိမှာပေါ့ Baekhyun ရာ...^

^ပြီးတော့ မင်းတို့နှစ်ယောက်ကလည်း
တွေ့တာကတော့နေ့တိုင်းပါ... ဒါပေမယ့်
အေးအေးဆေးဆေး စကားပြောရတာက
တစ်ပက်မှာတစ်ခါလောက်နဲ့...
သင်တန်းရှိတယ်ဆိုပြီး အကြောင်းပြနေတာ ငါသိသားပဲ...^

^မိန်းကလေးပဲကွာ အဲလောက်တော့ မူမှာပေါ့...
ငါလည်း လွယ်တဲ့ မိန်းကလေးဆို မကြိုက်ပါဘူး...^

Baekhyun ကတော့ ဂျစ်ကန်ကန်ရုပ်ကလေးနဲ့...

^မင်းကျေနပ်ရင်ပြီးတာပဲ...ဒါနဲ့...
ငါနဲ့ မင်းနဲ့ အပြိုင်လိုက်ရင်
သူဘယ်သူ့ကို ရွေးမယ်ထင်လည်း...^

Baekhyun ဆီက အခုလိုကြားလိုက်ရတဲ့ အတွက်
Chanyeol တစ်ယောက် ခေါင်းနပန်းကြီးသွားတယ်...
ကြက်သီးတွေတောင် ထသွားသလိုလို...

မဖြစ်နိုင်ဘူး...
အဲဒီလိုမဖြစ်ချင်ပါဘူး...
Baekhyun နဲ့ ပြိုင်ရမယ့် အဖြစ်မျိုး မဖြစ်ချင်ပါ...

Baekhyun ကို အနိုင်ယူဖို့ သူ့မှာ ခွန်အားမရှိသလို
Baekhyun နိုင်သွားမှာကိုလည်း သူမလိုလားပေ...

တစ်ခြားအရာတွေမှာတော့ Chanyeol,
Baekhyun ကို ဆယ်ခါပြန် အနိုင်ပေးလိုက်နိုင်ပေမယ့်...
Sehun... သူမနဲ့ ပက်သက်လာရင်တော့... မဖြစ်နိုင်ပေ...

Baekhyun ဇာတ်လမ်းစပေးခဲ့တာမှန်ပေမယ့်...
သူမနဲ့ တွေ့ဆုံပါများလာ... စကားပြောပါများလာတော့...
သူမ အကြောင်း တစ်စွန်းတစ်စ သိပြီး ပိုပို ခင်တွယ်မိတယ်လေ...

ဖြစ်ရပ်မှန်တစ်ခု၏ နောက်ကွယ် [Behind The Scene]Место, где живут истории. Откройте их для себя