Part 1 ကိုကိုတယောက်ကောက်ရသည်

7.5K 407 12
                                    

"ဖေဖေက ကတိပေးပီးတည်ရမှာပဲ
မဟုတ်ရင်သားကျောင်းမသွားဘူး"

"မေကြီးရေ မင်း သားရဲ့
ဇွတ်တရွှတ်အကျင့်ကို တို့တွေဘယ်လိုပြင်ရမလဲ
အကျင့်နဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့မအပ်စပ်ဘူး"

" ဖေကြီးနော် ခလေးကို အလွန်တွေမပြောနဲ့
ဖေကြီးပေးထားတဲ့ကတိကိုတည်လိုက်ပေါ့"

" အလုပ်တကယ်မအားလို့ပါ မိန်းမရယ်"

"ဒါဆို ရှင်ချစ်တာက မိသားစုလား အလုပ်လား ပြော"

ကဲ jeon Jungkook လေး အကျင့်က သူအမေဆီက
ဗီဇပါလို့ပြောရင်လည်း jeon ဖေဖေမှာ လွတ်လမ်းမရှိ

" ဟုတ်ပါပီ ကိုကပဲလျှော့ပေးလိုက်ပါမယ်
လိုက်ပို့မယ် ဘူဆန်ကို
ခလေးကသွားချင်တာလား မေကြီးကသွားချင်တာလား"

" ရှင်နော် သားမွေးနေ့မှာ ကမ်းခြေလိုက်ပို့မယ်ဆိုပီး
ဘယ်သူကတိတွေပေးတာလဲပြော"

" ဟူးးး နိုင်လိုက်ကြတာ သားအမိနှစ်ယောက်ပေါင်းပီး
ဒီပုံစံကိုမြင်ရင် မိန်းမကခိုးပြေးတာပါဆိုပီး
ဂုဏ်ဆာခဲ့တဲ့ကိုယ့်ဘဝကို အားငယ်လိုက်တာ"

🏡🏡🏡🏡🏡🏡🏡

"ဒါဆို သားလေးက အဆိုနဲ့အက ကို ပါရမီပါတာပေါ့ မိန်းမရယ်"

" ဟုတ်တယ် သားဆရာတွေကလည်း
ဖုန်းဆက်ပြောပြတယ်
သားက အကနဲ့ အဆိုမှာ အရမ်းကိုထူးချွှန်တာတဲ့"

" ခက်တယ်မိန်းမရယ်
သားကို မြေတောင်မြှောက်ပေးချင်တာ
ကိုယ့်စီးပွါးရေးကအရှုံးပေါ်နေတယ်"

" စိတ်မကောင်း မဖြစ်ပါနဲ့ ကိုရယ်
အဆင်ပြေသွားမှာပါ
တကယ်လို့ လုပ်ငန်းက ဘယ်လိုမှ ခေါင်းမထောင်နိုင်ရင် ရှိတာလေးတွေစုပီး ကျမစျေးဆိုင်လေးတော့ဖွင့်နိုင်မှာပါ
ကိုရေ သားကိုတော့ အသိမပေးနဲ့နော်
ခလေး စိတ်မကောင်းဖြစ်ပီး
သူကြိုးစားနေတာလေးတွေ ပျက်စီးသွားမှာစိုးတယ်"

ဖေဖေနဲ့မေမေအခက်အခဲတွေကို
သားသိနေတာ ကြာပါပီဗျာ
နယ်မြို့လေးဆိုတော့လည်း
ဦးမော့နေတဲ့ စီးပွါးရေးကျဆင်းသွားတာကို
သတင်းလုပ်ပြောမယ့်သူတွေချည်းပဲ

Our Dictionary Where stories live. Discover now