Part 2 ညီလေး ဟုတ်ဘူး

3K 270 11
                                    

" ဒါဆို ကိုကိုနဲ့ Kookie အတန်းမတူဘူးပေါ့မေမေ
သားကိုကို့အတန်းမှာ သွားတက်မှာ"

" Kookie မေမေပြောတာနားထောင်လေ
ကိုကိုက သားထပ်နှစ်နှစ်ကြီးတယ်
ဘယ်လိုလုပ်အတန်းတူမလဲသားရယ်"

" သားကတော့ တူတူတက်မှာပဲ"

" Kookie အဲ့လို ဇွတ်တရွတ်တွေကို မေမေမကြိုက်ဘူး
Jimin လေး သားကြောင့် စိတ်ကျဉ်းကျပ်တော့မှာ
မေမေမြင်ယောင်နေပီ"

" ဟင့်အင်းမေမေ
ကိုကို က Kookie ကို ချစ်တယ်
သားနဲ့ အတူ ထမင်း လည်းအတူစားတယ်
အတူတူလည်းဆော့တယ်
သားတို့က အိပ်ချိန်လေးပဲခွဲတာ"

မသိပဲရှိမလား သိတာပေါ့သားရယ်
မင်းjimin အပေါ်တွယ်တာလွန်နေတာတွေကို
ကျေးဇူးတရားကို သိပ်သိတဲ့ ခလေးလေး jimin က
သားအကြိုက် သားလုပ်ချင်တာ
အကုန်သည်းခံပေးရှာတယ်
သားက အိပ်ချိန်ကလွဲရင်
မျက်စိရှေ့ကအပျောက်မခံတာမို့
Jimin လေးက သားအိပ်မှ သူ့ကိုယ်ပိုင်အချိန်ရရှာတာ
သားကနိုးလာကတည်းက စရှာတာ ကိုကို တဲ့

သက်ပြင်းသဲ့သဲ့သာချမိပေမယ့်
သားကဇွဲမလျော့

" မေမေ Kookie ကို ကိုကိုနဲ့ အခန်းတူတူပေးမတက်ရင်
Kookie လုံးဝကျောင်းမတက်ဘူး
ကိုကိုလည်းမတက်ရဘူး"

" Jeon Jungkook!!!!!!"

"မေမေ Kookie ကိုအော်တယ်
ကိုကိုရေ Kookie ဝမ်းနည်းနေပီ"

ငိုပြီး jimin တို့ ရှိရာအိမ်ဘက်ပြေးသွားသော
သားတော်မောင်က ကိုကို့ဆီသွားချင်နေတာ
အကြောင်းပြချက်ကောင်းတခုပင်ရလိုက်သလိုပဲ

" ဟယ် အန်တီမေ့သားလေး Kookie လေး ဘာလို့ငိုလာတာလဲ"

" Kookie ကို မေမေကအော်လို့
မေမေက မကောင်းဘူး
အန်တီမေမေကမှ ချစ်ဖို့ကောင်းတာ"

"အချွဲစိန် မင်းပဲချွဲတော့
ငါ့မေမေကို ငါချွဲဖို့လည်းထားပါဦး"

ကိုကို့အသံကြားသည်နှင့်

ချက်ချင်းပဲ မေမေကို ဖက်ချွဲနေတဲ့ကောင်လေးက
Jimin နားပြေးကာ
" Kookie မချွဲပါဘူး
ကိုကိုပဲချွဲပါအန်တီမေမေ့ကို
Kookie က ကိုကို့ကိုချွဲမယ်လေ
Same same"

Our Dictionary Where stories live. Discover now