မနက်အစောကြီးနိုးနေမိသည်
အကြောင်းကလည်း အမြဲအနားမှာရှိတဲ့အရိပ်လေးက
အရင်လို မိုးလင်ကတည်းက ရောက်မလာတာကြောင့်ပင်မွန်းကြပ်ပါတယ်ဆိုပြီးပုန်းနေချင်တော့လည်း မိမိပဲ
အခု အကောင်ပေါက်ကိုမတွေ့ရတော့လဲ
မနေတတ်မထိုင်တတ်ဖြစ်နေတာလည်းမိမိပဲ
ဟူးးးးးးးးအရင်က ကိုကို ကိုကို နဲ့ မိုးလင်းကတည်းက
ရောက်လာတတ်တဲ့ မျက်ဝန်းဝိုင်းဝိုင်း အကြည့်တွေ
နုတ်ခမ်းပါးပါးလေးက ပြုံးပြလိုက်တိုင်း
ရတဲ့ အကြည်ဓာတ်လေးတွေကို
သဘောကျမိတာကို jimin မငြင်းနိုင်အမြဲအကောင်ပေါက်လေးက ချော့စရာမလိုပဲ
အနားရောက်ရောက်လာတတ်တာမို့
အိမ်တော်ဘက်သို့သွားမချော့မိ
အခုလို တယောက်ထဲဆိုတော့လည်း
ဘာလိုနေမှန်းမသိ
(မမသိမ့် အရစ်ရှည်မနေနဲ့ Kookie ကိုပြေးချော့လိုက်ရမလား
ရှင်ပဲမွန်းကြပ်တယ်ဆို ကိုပုကျိ)" သားနိုးပီလား မျက်နှာသစ်ပီးရင် စာကြည့်ခန်းလိုက်ခဲ့
မေမေပြောစရာရှိတယ်""ဟုတ်"
" မေမေ သားကိုပြောစရာရှိတယ်ဆို"
" ပြောစရာရှိတာထပ် စိတ်ဆိုးတာသား"
" ကျနော်ဘာလုပ်လို့လဲ"
" မင်းKookie လေးအပေါ် သည်းခံပါလို့မေမေ ပြောထားတယ်လေ"
" ဘာလဲသူက ဟိုနေ့က
သားအကတိုက်မှာကို လိုက်ရှုပ်တဲ့ကိစ္စကို
တိုင်လိုက်တာမလား"" Kookie က ဘယ်တော့မှ
သားကို လူဆိုးဖြစ်အောင်မတိုင်ဖူးဘူး"" အဲ့တာဆို အခုဘာဖြစ်လို့လဲမေမေရာ"
" ဒီနေ့ မင်းဖေကြီးတို့ပြန်လာမှာ"
" မေမေပြောတော့ တလကြာမှာဆို ဖေကြီးနဲ့ Kookie ဖေဖေက"
" ဟုတ်တယ် Kookie ဆေးရုံတက်ရလို့ပြန်လာမှာ"
" ဗျာ မေမေ အခု Kookie ကဆေးရုံမှာလား
စောစောက မပြောဘူးမေမေရာ
ဘယ်ဆေးရုံလဲ
သူတို့ဖွင့်ထားတဲ့ ဆေးရုံပဲမလား သားအခုသွားမယ်"" မသွားရဘူး မင်းကို မေမေ ပြစ်ဒါဏ်ပေးတာပဲ
မင်းသည်းမခံနိုင်တဲ့ခလေးဆီမင်းသွားစရာမှမလိုပဲ"
YOU ARE READING
Our Dictionary
Fanfictionကျနော်တို့ရဲ့ dictionary မှာ အလွမ်းအဆွေး အနမ်းချိုမြိန်ခြင်းတွေစုံနေတာပါပဲ တဇွတ်ထိုးရှေ့တိုးပီး ချစ်တတ်အောင်သင်တာ မင်းပါ ဘာလို့ ငါ့ကိုလွမ်းစေတာလဲ တရှိုက်မက်မက်နမ်းခဲ့တဲ့ အနမ်းတွေကို မသိချင်ယောင်မဆောင်နဲ့ အချစ်တွေဘယ်ကစလဲဆိုရင် Kookie က ကို့ကို သိပ်ချ...