Part 11 ပင်လယ်ကြီးဆီသို့

1.8K 194 3
                                    

ကျနော်မွေးနေ့အပီးမှာ
ကိုကို့အခြေအနေတိုးတက်လာတယ်
မေးထူးခေါ်ပြောလည်းတုန့်ပြန်လာတယ်
တမိသားစုလုံးလည်း ဝမ်းသာနေကြသလို
ကျနော်နဲ့ကိုကိုနဲ့ကို အဆင်ပြေဖို့
နှစ်ဖက်မိဘတွေ အရိပ်အမြွက်ပေးလာကြတယ်

ကျနော်စီစဉ်နေခဲ့တာ စဉ်းစားနေခဲ့တာက
ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဖွင့်ပြောရင်
တမြတ်တနိုးနဲ့ ခမ်းနားမလဲဆိုတဲ့ အဓိကအချက်ကိုပေါ့

တကယ်ဆို အဖြစ်ပျက်ဆိုးတွေကြောင့်
ကိုကိုက အားငယ်နေတာ
သူ့ကိုယ်သူတန်ဖိုးမဲ့သွားပီလားဆိုပီး
စိတ်ဓာတ်ကျနေတယ်
ရှက်ရွံ့နေရှာတယ် ဆိုတာ
ကိုကို့မျက်ဝန်းတွေကိုကြည့်တာနဲ့
ကျနော်သဘောပေါက်ပီးသား

ဒါ့ကြောင့် ကျနော့်ရဲ့ကိုကိုပေါက်စသေးသေးလေးဟာ
ဘယ်လောက်မြတ်နိုးတန်ဖိုးထားဖို့ထိုက်တန်လဲဆိုတာ
ကျနော့်အချစ်တွေနဲ့ သက်သေပြဦးမှာပါ

ဘယ်လိုအစီအစဉ်ဆွဲရမလဲ
ဘယ်သူနဲ့ တိုင်ပင်ရပါ့မလဲ
မေမေနဲ့ပဲတိုင်ပင်ရမလား စဉ်းစားရခက်တယ်
ဟူးးးး အခန်းထဲမှာစဉ်းစားရခက်မယ့်တူတူ
ခြံထဲကဒါန်းပေးမှာထိုင်နေတဲ့
ကိုကို့ကိုချောင်းရင်း အကြံထုတ်ရမယ်
နီးနီးကပ်ကပ်လေးမြင်ရအောင်
မှန်ဘီလူးလေးထုတ်ကြည့်မှပါ
အနီးကပ်ဆွဲကြည့်မှ ပို မြင်ရမှာ
အနီးထိဆွဲကြည့်တော့ မြင်ကွင်းထဲမှာ
ကိုကို ချယ်ရီသီးစားနေတာ
စားနေတာလေးက sexy ကျတယ်
ဆွဲဆောင်မူလည်း ရှိတယ်
ချစ်ဖို့လည်းကောင်းမှကောင်း
လိုချင်လိုက်တာကိုကို့ကို
ကျနော်လိုချင်တယ် သဘောကျတယ်
ရယ်လိုက်ပြုံးလိုက်ရင်ကောင်းမှာ
ချယ်ရီသီးလေးကို ငုံကိုက်လိုက်တိုင်း
ထော်လာတဲ့နုတ်ခမ်းလေးက
သိပ်ချစ်ချင်စရာကောင်းတယ်
ဝါးစားချင်လိုက်တာ
ကျနော်ကတော့ ချယ်ရီသီးတွေကိုမဟုတ်ဘဲ
ကိုကို့ကိုသာ အူယားလွန်းလို့ကို
ကိုက်စားပစ်ချင်တာ
ချယ်ရီသီးတွေ မျက်နှာငယ်လို့
ငိုဦးမယ်ထင်တယ်

" သား Kookie ဘာလုပ်နေတာလဲ"
" ချောင်းနေတာလေ စားချင်လို့"
" ဟဲ့ ဘာစားချင်လို့အဲ့လောက်ချောင်းနေရတာလဲ
ပေးစမ်းအဲ့မှန်ဘီလူး မေမေကြည့်စမ်းမယ်
မင်းစားချင်နေလဲဆိုတာ"
" မေမေ"
" ဪ တွေ့ပီ ငါသားစားချင်နေတဲ့ အသေးလေးကို"

Our Dictionary Where stories live. Discover now