Part 15 🐥🐰🐥🐰

1.8K 191 2
                                    

" ဒါဆို မင်းတို့က လက်ထပ်ကြတော့မှာပေါ့ jimin"

"ဆိုပါတော့ Hyung ရော Hyung ရဲ့ ဂျစ်တူး လေးကိုရော
ရှာလို့တွေ့ပီလား"

" ရှာတုန်းပါပဲ jimin ရယ်
အပုန်းကောင်းတဲ့သူကို ရှာရခက်တယ်လေ"

"Congratulations ပါ Hyung ရာ Hyung ရဲ့
လတ်တလောကြိုးစားမူတွေအတွက်

" ငါ့ကိုပဲပြောမနေနဲ့ မင်းရော idol လုပ်ဖို့
တူတူဆုံးဖြတ်ထားခဲ့ကြတာလေ
အခုတော့ငါတယောက်ထဲ"

" ကျနော်လည်း ပြောပါတယ် hoseok Hyung ရယ်
ကိုကိုက တွေဝေနေတာ"

" ငါတွေဝေတာထပ် လူကြီးတွေက လက်ထပ်ဖို့ အတင်းလောနေတာကိုလည်းထည့်ပြောဦးလေ မောင်ရယ်"

"စွာ လိုက်တာ မောင့်ကိုကိုက ပြွတ်..."

Hobi Hyung အတွက် ကော်ဖီနဲ့မုန့်လာချပေးရင်
ရန်ပြန်စွာနေသော ကျနော့် ပေါက်စလေးကို
ငုံနမ်းပစ်လိုက်သည်

" အဟမ်းအဟမ်း"
ဟိုဘီလေး ချောင်းထဟန့်လည်း ဂျွန်ဂျောင်ကဲလေး
ဂရုမစိုက်ပါ သူဒီလို ကဲသဲနေတော့
အသေးလေးထအော်ပါပီ

" မင်းဘယ်လိုဖြစ်နေလဲမောင်
မောင်အခုလို ကဲသဲ ပြီး ငါ့ကိုအသားယူနေလို့
အမေနှစ်ယောက်က ဇွတ်လောပြီး
ငါ့ကို ကလေးမွေးခိုင်းမယ့်အဆင့်ရောက်နေပီ"

" ဟားဟား ဟား park jimin ငါမင်းအစားရင်မောပီ
ကလေးအကြောင်းမစဉ်းစားခင်
မင်းရဲ့ကွတ်ကီးဘွတ်ကီးလေးက
ငါးနှစ်သားစိတ်မပျောက်တာ အရင်ကုဦး ဟားဟား
အခုလည်း ငါနဲ့ သဝန်တိုလို့
ဧည့်ခန်းမှာဝေ့လည်ကြောင်ပတ်လုပ်နေတာ
ငါပြန်တော့မယ် မဟုတ်ရင်မင်းရဲ့ ငါးနှစ်သားက
သက်ပြင်းတွေစွတ်ချနေတာနဲ့ ငါလွင့်တော့မယ်"

" သူကတော့သိတဲ့အတိုင်းပဲ
အခုတရားဝင်သဝန်တိုလို့ရတာနဲ့ အဲ့အချိုး
Hyung ကို အပေါက်ဝထိတော့ ကျနော်လိုက်ပို့ပါမယ်"

" Hyung ကားလေးထွက်သွားတဲ့အထိကြည့်နေရင်းမှ
မောင်က ကျနော့်အား နောက်ကနေသိမ်းဖက်ကာ
ကျနော့်လည်တိုင်တွေကို မောင့်နှာခေါင်းလုံးလေးတွေနဲ့
လာကျီစယ်နေသည်
မောင်စကားပြောတဲ့အချိန် မောင့်ဆီကလေနွေးနွေးတို့
လည်တိုင်ကို တိုးရှလာတိုင်း ကျနော်ရင်ဖိုရတာအမော မောင်က ကျနော်သိပ်ချစ်တဲ့ပင်လယ်လို
အမျိုးမျိုးမာယာများတယ်

Our Dictionary Where stories live. Discover now