Part 10 promise

1.9K 203 18
                                    

ကိုကိုက နှစ်မိသားစုလုံးရဲ့အချစ်တော်လေးဆိုတော့
ဆေးရုံမှာ မိဘတွေပျာပျာသလဲ
Min suga ဆိုသည့် CEO ကြီးကိုလည်း
ဦးချမတတ်ကျေးဇူးတွေတင်နေကြတာ
ကိုကိုကတော့ စိတ်ဒါဏ်ရာရသွားသည်ထင်၏
ဘယ်သူ့ကိုမှ အနားအကပ်မခံပါ

ကျနော်လေ မငိုနိုင်တော့ဘူးကိုကိုရယ်
ကိုကို သွေးပျက်နေတာ
ကျနော့်အတွက် မီးစနဲ့ ထိုးနေသလိုပဲ
ကိုကို့သူငယ်ချင်း တော့ ရောက်လာတယ်
ဟိုတခါက အမကြီးပါမလာပါဘူး
တော်သေးတယ် မဟုတ်ရင် နာတာကို မီးမြိုက်ရုံမက
ဆားထပ်ပက်ခံရသလို ဖြစ်နေဦးမှာ
မီဆိုကတော့ ငိုလို့မဆုံး
ဟိုလူကြီးကတော့ထောင်ထဲမှာ

ခင်ဗျားကံကောင်းသွားတယ် အပြင်မှာဆို
ကျနော်သေအောင်သတ်ဦးမှာ
အထဲမှာဆိုလည်း နောင်တတွေနဲ့သေရအောင်
ကျတော်မစွမ်းဆောင်နိုင်ရင်
ကျနော်က jeon Jungkook မဟုတ်ဘူး

ကိုကိုက ဆေးရုံကဆင်းလာတဲ့အထိ
မည်သူ့ကိုမျှ စကားပြန်မပြော

ကိုကိုအရမ်းငြိမ်သက်သွားတယ်
အခန်းထဲက အပြင်မထွက်သလောက်ပဲ
တော်တော်လေး စိတ်ကြည်လျှင်တော့
ခြံထဲဆင်းထိုင်တတ်သည်
တဦးတယောက်က နုတ်ဆက်လာလျင်တော့
အခန်းထဲပြန်ဝင်သွားတတ်သည်
ကိုကို့မေမေဆို ကိုကို့ကိုကြည့်ပီး မငိုတဲ့ရက်မရှိ
သတိထားမိတာက ကိုကိုအဖြူရောင်လုံးဝ မဝတ်တော့ပါ
အညိုရောင်မှိုင်းမှိုင်း
ခဲရောင် စသော ထိုင်းမှိုင်းသောအရောင်များနှင့်အတူ
ကိုကိုဟာ ငြိမ်သက်သော အရုပ်လေး
ဘာအရောင်တွေပဲဝတ်ဝတ် ကိုကိုကသိပ်လှတာ
တခါတခါ ငြိမ်သက်နေတတ်တာများ
အသက်မှရှူသလားလို့  ကျနော်ပြေးကြည့်ချင်သည်အထိ
ကိုကိုက ကျနော်နဲ့ မျက်လုံးချင်မဆိုင်တာက
ကျနော့်အတွက်နာတာရှည်ရောဂါပဲ
ကျနော်မေမေဆို
ကိုကို့ကိုခိုးကြည့်ပီးတော့ ငိုရတာအမော
ငိုတိုင်းကျနော်ကျောပြင်ကြီးကို
တဖြန်းဖြန်းရိုက်ကာ
ကျနော်ရှိနေရက်နဲ့ ဖြစ်ရလေခြင်းတဲ့
မေမေက အနာကို ခဏခဏ အရက်ပျံလောင်းနေသလိုပဲ
ကျနော့်ရဲ့အသုံးမကျမူတွေကို ပြန်ပြောရတာခဏခဏ

ကိုကိုက မိဘတွေကို ခေါင်းငြိမ့်ခေါင်းသာတုံ့ပြန်တယ်
ကျနော့်ကိုတော့ တခါတခါ ရီဝေဝေကြည့်တယ်
တခါတခါတော့ ဆွေးဆွေးမြေ့မြေ့
ကိုကိုအဲ့လိုကြည့်ရင် ကျနော် ပျောက်ကွယ်သွားချင်သည်
ကိုကိုက ကျောင်းလည်းဆက်မတက်တော့ဘူး

Our Dictionary Where stories live. Discover now