Part 12 ချစ်တဲ့အကြောင်း

2K 187 17
                                    

ကျနော် လေ
မောင်ပြောပြတဲ့ ပင်လယ်ကြီးကိုငေးရင်
အိပ်ပျော်သွားခဲ့တာ
မောင်နဲ့အတူဆိုတဲ့ စိတ်က ဘယ်လောက်တောင်
နွေးထွေးလုံခြုံစေခဲ့သလဲမောင်
မောင်အခုတလောပြောနေတဲ့
စကားတွေက သိပ်ရင်ခုန်စေခဲ့တာ
အခုလိုနွေးထွေးဂရုစိုက်ပေးတဲ့
မောင်အပြုအမူတွေကြောင့်
မျှော်လင့်နေမိပီ မောင်

ကိုကိုဒီဟာလေးစားကြည့်
ကိုကိုဒါတွေက ချောင်းဆိုးတတ်တယ်
ကိုကို အခန်းထဲ မအောင်းနဲ့
ကိုကိုက အခုလိုလေးပြုံးတော့လှတယ်
ကိုကိုအေးတယ် အနွေးထည်ဝတ်ပါ
ကိုကို ဂစ်တာတီးပြ
ကိုကို ခြံထဲဆင်းထိုင်ရအောင်
ကိုကိုကျနော် company မှာ အလုပ်ဝင်နေပီ
ကိုကို ပြန်လာမှ မုန့်ဝယ်လာမယ်နော်
ကိုကို ကော်ဖီတွေအရမ်းမသောက်ပါနဲ့
ကိုကို အိပ်မပျော်ဘူးလား
ကိုကို အိမ်မက်ဆိုးတွေမက်သေးလား
ကိုကို ကိုကို ကိုကို ကိုကို

ဒါတွေဟာ ကျနော်မိုးလင်းမိုးချုပ်ကြားနေရတဲ့
မောင့်ရဲ့သံစဉ်တွေ

ကျနော်ဖွင့်ပြောဖို့စီစဉ်ပီးပီ
အပြင်ထွက်တာမကြိုက်တဲ့ ကိုကိုအတွက်
ကျနော့်အခန်းထဲမှာ
Romantic အဖြစ်ဆုံး မီးတွေဆင်မယ်
ငယ်ကတည်းက တယုတယ မှတ်တမ်းတင်ထား တဲ့ Photo တွေကို projector နဲ့ ပုံဖော်မယ်
ပုံတပုံချင်းဆီ မှာ ဖြစ်ပေါ်ခဲ့တဲ့ captain တွေရေးထားမယ်
သိပ်ချစ်တဲ့ အကြောင်းတွေကို

ကိုကို့မွေးနေ့ကိတ်ထဲမှာ surprise box ထည့်မယ်
မွေးနေ့ကိတ်ခွဲတဲ့အချိန် ဖယောင်းတိုင်လေးမှုတ်လို့
မှောင်သွားတဲ့အခါ
Romantic ဆန်ဆန် ဆင်ထားတဲ့
မီးလုံးလေးတွေဖွင့်လိုက်မယ် ကိတ်ကိုခွဲလိုက်တဲ့အခါ ကိတ်ထဲက surprises boxထဲမှာ remote control လေး ထည့်ထားမယ်
ကိုကိုက control ကိုနိုပ်လိုက်တဲ့အခါ
Projector မှာ ကိုကို ဂစ်တာတီးပြတုန်းကသွင်းထားတဲ့
ကိုကို့အသံနဲ့သီချင်းနဲ့အတူ သိပ်ချစ်တဲ့အကြောင်းတွေ ရေးထားတဲ့ ဓါတ်ပုံလေးတွေကို ကိုကိုမြင်ရမယ်
Projector က vedio လေးပီးသွားတဲ့အခါ
ကျနော်က သိပ်ချစ်တဲ့အကြောင်းတွေကို
နက်နက်နဲနဲဖွင့်ပြောမယ်
ပီးတော့ကြိုတင်စီစဉ်ထားတဲ့
လက်စွပ်လေးကို ပေးပီး
ကိုကို့အချစ်တွေကိုတောင်းမယ်ဗျာ
ဘယ်လိုလဲမိုက်လားမမသိမ့်
( ရိုးပေမယ့်မိုက်ပါတယ် ကုကု fighting)

Our Dictionary Where stories live. Discover now