Part 18 ကျနော်တို့လက်ထပ်ကြသည်

1.6K 150 2
                                    

ကိုကိုပြောတဲ့
တိမ်ပြာတွေဝန်းရံနေတဲ့ Sunday မှာပဲ
ကျနော်တို့ရဲ့ လက်ထပ်ပွဲလေးကို ကျင်းပခဲ့တယ်
နှစ်ဖက်မိဘတွေပဲရှိတဲ့ ကျနော်လက်ထပ်ပွဲလေးက
အကျဉ်းချုံးလုပ်ပေမယ့်
ကိုကို့ရဲ့ အပြုံးတွေကြောင့် ခမ်းနားခဲ့တယ်
ကျနော့်ရဲ့ ရင်ခုန်သံတွေကြောင့် စည်ကားခဲ့တယ်

ကိုကို့ကို အားပါးတရ သိမ်းကျုံးဖက်ထားတော့
မေမေတို့က ဝိုင်းခေါက်ကြသေးတယ်
ဘယ်လောက်ပဲခေါက်ခေါက် ကျနော် အဖက်မပျက်ခဲ့ဘူး

" အရိုးတွေကျိုးကုန်တော့မယ်မောင်ရေ"
ဆိုတဲ့ အသံသေးသေးလေးကြောင့်သာ
ကျနော်လွှတ်ပေးလိုက်ရတာ
နှမြောတယ် ခဏလေးခွါနေရမှာကို နှမျောတာ

" သားကတိအတိုင်း အလုပ်တွေကြိုးစားပေးပါ
သားက အိမ်တော်ရဲ့မျှော်လင့်ချက်ပဲသား
သူ့ကို သိပ်ချစ်တဲ့မလား"

" ချစ်တာပေါ့ဖေဖေရာ
ကိုကိုက သားရဲ့အဖိုးတန်လေးပါ"

" မင်းရဲ့ အဖိုးတန်လေးလျှောက်မယ့်လမ်းက
အမြင့်ဆုံးကိုနော်
ဒါ့ကြောင့်မင်းက သူနဲ့ လိုက်ဖက်ဖို့
မင်းပိုင်ဆိုင်တဲ့သူ့ကို စောင့်ရှောက်ဖို့
သားကလည်းအမြင့်ဆုံးမှာ ရပ်တည်ရမယ်
နားလည်လား"

" ဟုတ်ကဲ့ဖေဖေ"

"Congratulations ပါသား"
" ကျေးဇူးပါဖေဖေ"

" ဒီညနေ သား meeting တက်ရမယ်နော်"

" ဖေဖေ မဂ်လာဦးညလေ"

" သားပေးထားတဲ့ကတိကိုတည်လေကွာ ဟား ဟား"

" မောင်နဲ့ မောင့်ဖေဖေ
ဘာတွေတီတိုးတီတိုးပြောနေလဲဟင်"

" ဒီည meeting ရှိတဲ့အကြောင်းပြောနေတာကိုကို"

" ဘယ်လို ဘယ်လို meeting ဟုတ်လား
ဟွန့် ဒါလူကြီးတွေသက်သက်ညစ်တာ"

" ဘာမှ မညစ်ဘူးjimin
ဒါက မဂ်လာဆောင်ရုံသက်သက်ပဲ
နင်အောင်မြင်မှ နင်တို့နှစ်ယောက်ပေါင်းရမယ် ဒါပဲ
အခုတော့ လက်ထပ်ထားလည်း ခွဲနေကြဦး"

" မေမေ"

" ဘာလဲ"

" မေမေတို့မတရားဘူးနော်"

" ဟဲ့ ဟဲ့ ငါခေါက်လိုက်ရ
ဘာမတရားတာလဲ နင့်အတွက်ဟဲ့နင့်အတွက်
အခုမှ မဂ်လာဦးညချင်လို့ ဖင်စီဘူးခါနေတာ
မရှက်ဘူးလား"

Our Dictionary Where stories live. Discover now