Part 16 infinity kiss

1.7K 158 4
                                    

" park Jimin ထစမ်း ထစမ်း အခုထပါဆို"

"မေမေကလည်း အိပ်ချင်သေးတယ် ဘယ်နှစ်နာရှိသေးလို့သားကိုလာနှိုးနေတာလဲ သားအိပ်ဦးမယ်ဗျာ"

" ထဆို ဟဲ့ park jimin ထစမ်းပါဆို"

" စောင်ကိုမဆွဲနဲ့မေမေရာ အေးတယ်လို့"

"နင်က အေးနေ ဟိုမှာ ငါ့သားလေးက အေးခဲနေပီ"

" ဘယ်က ငါ့သားလဲ မေမေ့သားကဒီမှာလေ
ဘာကိုအေးရမှာလဲ"

" ဟဲ့ Kookie လေ jeon Jungkook ကိုပြောနေတာ
ဟိုမှာအေးခဲနေပီ"

" ဘာလို့အေးခဲရမှာလဲ မောင်က"

" နင်ပြန်မအိပ်နဲ့ နင်ကတော့ပြသနာမီးမွှေးရှာပီး
အိပ်နိုင်တယ် နင့်ရဲ့ ခေါင်းမာမူတွေကြောင့်
ဟိုဘက်အိမ်မှာ ညဘက်ကြီး
သားအမိတွေစကားများကြတယ်လေ"

" မေမေကလည်း အိပ်ချင်ပါတယ်ဆို
ဒီအကြောင်းတွေနိုးပီးလာပြောနေတယ်
နောက်မှပြောတော့ သားပြန်အိပ်ဦးမယ်"

" အိပ်ဟဲ့ အိပ် အသဲနှလုံးမရှိတဲ့ကောင်ရဲ့
Kookie က မင်းidol လုပ်မယ်ကိစ္စ
ခွင့်မပြုမချင်းမထပါဘူးဆိုပီး ညကတည်းက
ခြံထဲမှာ ဒူးထောက်ပီး ဆန္ဒပြနေတာဟဲ့
သူ့အမေကလည်း ခဏနေမှာပါဆိုပီး ထားလိုက်တာ"

" ဗျာ မေမေတို့ကလည်း မထခိုင်းဘူးလား"

" ခွင့်မပြုဘဲ အလုပ်သမားတွေကို အားသုံးပီး မ ခိုင်းတော့
လျှာကို ကိုက်ထားတယ်
သူ့လျှာသူပြတ်အောင်ကိုက်ပီးသေပစ်မယ်တဲ့
မေမေသွားဖျောင်းဖျတာလည်းမရဘူး
မင်းက ခွင့်ပြုချက်မရလို့ idol မလုပ်ရရင်သူ့ကိုမယူဘူးပြောလို့ ခွင့်ပြုပေးပါဆိုပီ ခလေးလေးငိုနေသေးတာ"

" အခုထိလားထိုင်နေတာက"
" အေးပေါ့ အဲ့တာကြောင့်လာနှိုးနေတာပေါ့"
" စောစောကတည်းက မပြောဘဲနဲ့မေမေရာ"
" ဟဲ့ငါလည်း အခုမနက်မှ သိရတာ နာအွန်းကအားနာလို့လာမပြောဘူး ငါဖျောင်းဖျလို့မရလို့......."

" ဟာဗျာ ...."

" မောင်.......
အသဲနာတယ်ဆိုတာ အခုလိုခံစားချက်မျိူးထင်ပါရဲ့
ကျနော့်ရဲ့ ငါးနှစ်သားလေးက
အေးခဲမတတ် အေးခဲမတတ်ပဲ
ကျနော့်ရဲ့ ခေါင်းမာသော အကြင်နာမဲ့ စကားတွေကြောင့်
မောင့်ကို ထိခိုက်စေခဲ့တာ
မောင်ကျနော့်အတွက်အခုလောက်ရူးမိုက်မယ်
မထင်ခဲ့တာလည်း ပါတာပေါ့
" မောင်"
ထပ်ခေါ်တော့ ပြန်ကြည့်လာတဲ့
မောင်မျက်ဝန်းတွေက အအေးဓာဏ်ကြောင့်ရဲရဲနီနေသည်
မောင့်နှုတ်ခမ်းပါးလေးတွေ တဆတ်ဆတ်တုန်ရီနေသလို
အေးခဲတောင့်တင်းလျက် ဒူးထောက်ထားတဲ့
ကျနော်သိပ်ချစ်တဲ့ ဆံနွယ်ရှည်တွေနဲ့မောင်ပုံရိပ်က
ဓါးထက်ထက်နဲ့ရင်ကိုခွဲချလိုက်သလိုမျိုး
နည်းနည်းလေး မှ နွေးလိုနွေးညား
ကျနော်ပြေးဖက်မိသည်

Our Dictionary Where stories live. Discover now