Part 25 ko ko with shirtless

1.6K 128 13
                                    

ကျနော်တို့ကြားမှာ အထင်လွဲမူတွေ
ဝေးကွားခြင်းတွေ သံသယ တွေ
ကင်းစင်သွားတဲ့နေ့ရက်တွေမှာ
ဖြစ်ချင်တဲ့ဆန္ဒတွေ
ရည်မှန်းချက်တွေအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြတယ်
ပြောင်းလဲသွားတာတခုကတော့
Double J ကနေပီး
ကျနော်ရဲ့ ကိုကိုအပါးမနားမနေကြိုးစားမူတွေကြောင့်
Three J ဆိုပီး ပွဲဦးထွက်ဖို့ သေချာလာခဲ့တယ်
အကြောင်းကတော့ ကိုကိုဟာ အကကိုရူးသွပ်တော့
အန္တရယ်များတဲ့ကကွက်တွေကို စိတ်ပူရင်း
ကိုကို့အတွက် လိုက်ကပေးရင်း
three j ဖြစ်တော့မယ်ဆိုတော့
ကိုကိုကပျော်နေတာ

" ကိုကိုရယ် ခါးရိုးတွေကျိုးကုန်ပါ့မယ်
အရမ်းအားမစိုက်ပါနဲ့ဆို
ပီးတော့ ဒီနေရာမှာ ခေါက်လဲသွားနိုင်တယ်နော်
ဟိုဆော့Hyung ကျနော့်ကိုကိုကို လျော့ခိုင်းပါဗျာ"

" မင်းကို ပိုလွန်းတယ် Jungkook "

" မပိုပါဘူးဗျာ ကိုကိုရေ မောင့်ကိုပြောနေတယ်"

အကတိုက်နေရင်းက ကြမ်းပြင်ပေါ်ထိုင်နားနေတဲ့
မောင့်ပေါင်ပေါ် ဝင်အိပ်ကာ
" မောင်က အရမ်းစိုးရိမ်တတ်တာပဲ"

" စိုးရိမ်တာပေါ့ ကိုကိုက ကျနော့်ပိုင်ဆိုင်မူမို့လို
ခြင်နားတာတောင်မကြိုက်ဘူး"

" လူပလီကောင်လေး ပြွတ်"

" ဟော့ကောင်တွေ ဟော့ကောင်တွေ
ငါ့ကိုမနိုမ်နဲ့နော်
ငါ့ခလေးဆီပြေးသွားပစ်မှာ"

" ဟားဟားဟား"
ရယ်သံလေးတွေ လွင့်ပျံနေတဲ့အခန်းထဲကို
လွမ်းမိုးလာတဲ့ CEO Min ရဲ့စကားသံ

" jk jimin hobi ရုံးခန်းခဏလောက်ကွာ
ဧည့်သည်လည်းရောက်နေတယ်"

ဧည့်ခန်းမှာတွေ့လိုက်တာက မောင့်ရဲ့ဖေဖေ

" ဒယ်ဒီ ဒီအထိလာတွေ့တာ အရေးကြီးကိစ္စရှိလို့လား"
" မင်းကတိတွေမေ့နေလို့ လာသတိပေးတာ"
ဖေဖေသည် ပြတ်သားသော
စီးပွါးရေးလုပ်ငန်းရှင်တယောက်
ကတိကို စာချုပ်စာတမ်းဖြင့်ပုံဖော်တတ်သော
တိကျသည့် ဥက္ကဌကြီး

" ဟုတ်တယ်လေ
မင်းထိုးထားတဲ့စာချုပ်တွေ အစီအစဉ်တွေမှာ
မင်းကိုယ်တိုင် idol လုပ်ဖို့ပါလို့လား
အခုက မင်းကိုယ်တိုင်ပွဲဦးထွက်မယ့်သတင်းကြားလို့
ဖေဖေလိုက်လာတာ"

Our Dictionary Where stories live. Discover now