" လေညှင်းတို့က တိုးဝှေ့ကျီစယ်နေလည်း
ဗလောင်ဆူနေတဲ့ ရင်ခွင်ကို Hyung ရဲ့ ဂျစ်တူးလေး
မြင်နိုင်မယ်မထင်ပါဘူး
ရေဆုံးမြေဆုံးအထိ လိုက်ရှာနေလည်း
တခါတခါ အရိပ်အယောင်လေးတွေကြောင့်
အပြေးအလွှားလိုက်ရှာသော်လည်းပဲ
အပုန်းကောင်းတဲ့ကောင်လေးကိုရှာမတွေ့ခဲ့ဘူး
အခုကျနော့်ရှေ့ပြန်ပေါ်လာတော့လည်း
ကျနော်မှည့်ပေးထားတဲ့နာမည်လေးနဲ့
အညိုရောင်တွေနဲ့လိုက်ဖက်လွန်းလို့ brown ဆိုတဲ့အမည်နဲ့ ကျောင်းထားပေးခဲ့တာ
အဆိုးလေးက အညိုတွေကိုနှစ်သက်သော်လည်း
သူဟာ Hyung ရဲ့ ဂျစ်တူးပါဆိုတဲ့နာမ်စားလေးကို
သုံးမြဲသုံးခဲ့တာ
Brown လို့ခေါ်ရင်သူမထူးဘူးလေ
အခု ပြန်ပေါ်လာတော့ brown တဲ့
သက်ပြင်းတို့ကို စိတ်ထွက်ပေါက်အဖြစ်ပဲ
တိုးကာချမိနေတုန်း"ဖြည်းဖြည်းချပါ သက်ပြင်းတွေကြောင့်
brown လွင့်သွားမှာစို့လို့"" ဂျစ်တူး"
" no no ဂျစ်တူးက မြုပ်နှံခံလိုက်ရပီ Jung hoseok "
" Hyung လိုက်ရှာနေခဲ့တာ"
" ဟုတ်လား စွဲစားမလို့လား"
" ဂျစ်တူး"
ခပ်စောင့်အသံနဲ့ ခေါ်မိတော့
သူကနာနာကျင်ကျင်ပြန်ပြောတယ်" မြုပ်နှံလိုက်ပီ ကျနော့်အကိုနဲ့အတူ မြုပ်နှံလိုက်တာ
ဂျစ်တူးဆိုတာ မရှိတော့ဘူး
Brown ကျနော်က brown
ခင်ဗျားဖန်တီးတဲ့ brown
ဘာ။ လိုက်ရှာတယ်ဟုတ်လား
ကျနော်သိတာတော့ အမြဲ အလှလေးတွေ အစင်လေးတွေ
တယောက်မဟုတ်တယောက်နဲ့ရှိနေခဲ့တာပါ
ဘာလဲ jimin ကနောက်ပစ်မှတ်လား"" မင်းစကားတွေ လွန်လာပီ။ ဂျစ်.. brown
ဒီထပ်စော်ကားလာရင် ငါငြိမ်ခံနေမှာမဟုတ်ဘူး"" အတိတ်ကတုန်းကလို ထိုးလိုက်လေ
ဒီစောက်ခွက်က ခင်ဗျားလက်သီးကိုမေ့ချင်သလို
ဖြစ်နေပီ"" တော်တော့ ကျေးဇူးတရားကိုနားမလည်တဲ့အကောင်"
" အဟားးးး အခုမှ ဇာတ်ရုပ်ပေါ်လာတာပဲ
ခင်ဗျားက ခင်ဗျားရဲ့ လေးငယ်ပြောသလို
ကျေးဇူးတရားကို အရမ်းခုတုံးလုပ်တတ်တာပဲနော်"" မင်း တော်တော့ အဲ့လူအကြောင်းထည့်မပြောနဲ့
အမှန်တရားကို မင်သိလာချိန်
လက်ခံလာတဲ့အချိန် မင်းမငိုနဲ့
ငါ့ကို မတောင်းပန်နဲ့ "
YOU ARE READING
Our Dictionary
Fanfictionကျနော်တို့ရဲ့ dictionary မှာ အလွမ်းအဆွေး အနမ်းချိုမြိန်ခြင်းတွေစုံနေတာပါပဲ တဇွတ်ထိုးရှေ့တိုးပီး ချစ်တတ်အောင်သင်တာ မင်းပါ ဘာလို့ ငါ့ကိုလွမ်းစေတာလဲ တရှိုက်မက်မက်နမ်းခဲ့တဲ့ အနမ်းတွေကို မသိချင်ယောင်မဆောင်နဲ့ အချစ်တွေဘယ်ကစလဲဆိုရင် Kookie က ကို့ကို သိပ်ချ...