Part 14 sweet

2K 194 5
                                    

"မေမေရာ တော်တော့ဗျာ"

" ဟဲ့ဘာတော်တော့လဲ"
" ကျနော် ဘယ်လိုမှ မျက်နှာချင်းမဆိုင်နိုင်သေးဘူး"

" ဟဲ့ မျက်နှာချင်းဆိုင်ခိုင်းတာမဟုတ်ဘူး
ယူခိုင်းနေတာလေ"

" မေမေကလည်းဗျာ"

" မေမေကလည်း ဗျာ မနေနဲ့ jimin
နင်တို့ဟိုဟာတောင်ဖြစ်ပီးနေပီ"

" မေမေ"

" မသိဘူး ငါကတော့ ပေးစားမှာပဲ
သားKookie ကလည်း တာဝန်ယူပါတယ်တဲ့"

" တာဝန်ယူရအောင် သားက မိန်းကလေးလား"

" အေးဒါဆို သားမိန်းမယူမလား"

" မေမေ!!!"

" ဘာလို့ခဏခဏခေါ်နေတာလဲ ငါနားကန်းတော့မယ်
အိမ်ခန်းထဲအောင်းမနေနဲ့ လာ ငါနဲ့လိုက်ခဲ့"

" မေမေ သားက မေမေ့သားနော်
ပီးတော့ နစ်နာတာက သားလေ မေမေရဲ့"

" အေးလေ နစ်နာလို့ ဟိုက
တာဝန်ယူမယ်ပြောနေတယ်လေ jimin "

"အဲ့ဟိုအရူးကောင်က ဆေးရုံကဆင်းတာနဲ့
တကယ်ရူးသွားပီလား "

" ဟဲ့ကလေးကို ဘာရူးတာတွေပြောနေတာလဲ"

" မသိဘူးဗျာ"

" နင် စောင်ပုံထဲကမထွက်ပဲနေနေရင်
ငါ Kookie ကိုဒီခေါ်လာမှာနော်"

" မမရေ"
" လာနာအွန်း ဒီမှာ နင့်သမက်လောင်း
ဂျစ်တိဂျစ်ကန်လုပ်နေတယ်"

" ဟုတ်လား သားမိုချီက ရှက်နေတာနေမှာ"

"အန်တီလေး"
" အမလေး တို့ခလေးလေး လာပါဦး"

" မေမေ သား ဝင်ခဲ့မယ်နော်"

" လာလေ ခွင့်တောင်းမနေနဲ့ ဝင်ခဲ့ "
ယောက္ခမလောင်းကြီးအား ပြုံးပြရင်း
ကိုကို့အခန်းလေးထဲ ဝင်လာခဲ့သည်

တကယ်ဆို အခန်းကအပြင် မထွက်တဲ့
ကိုကို့ကိုတွေ့ချင်လို့ မေမေ့ကိုအရင်သွားခိုင်းခဲ့တာ

Jungkook သက်သာသွားပီလားဆိုတော့
ယောက္ခမကြီးက တာဝန်ယူရမယ်ဆိုကတည်းက
ရောဂါဆိုအကုန် ကြက်ပျောက် ငှက်ပျောက်
အခုဆို တက်ကြွတဲ့ ကြက်ဖကြီးဖြစ်နေတာ

🐥🐥🐥🐥pov
ဒီကောင်လေးဘာလာလုပ်နေတာလဲ
ငါမျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး
သူ့ကိုတွေ့တိုင်း ရင်ခုန်နေတုန်းဆိုပေမယ့်
ဝမ်းနည်းပက်လက်ယူကြုံးမရဖြစ်နေတုန်းပဲလေ

Our Dictionary Where stories live. Discover now