Zawgyi
ကိုးရီးယားနိုင်ငံဆိုးလ်မြို့
Butterfly ကုပ္မဏီအတွင်းရှိ CEO Jeon ရုံးခန်းတွင်ဖြစ်သည်။Suit အနက်ရောင်ကို သေသေသပ်သပ်ဝတ်စားကာ ပုခုံးပြင်ကျယ်တို့ကိုပိုင်ဆိုင်ထားသော CEO Jeon သည် အခန်းအတွင်းရှိတခြားအမျိုးသားတစ်ယောက်ကိုကျောပေးရင်း အခန်းရှိမှန်တံခါးတွေမှတဆင့်အဝေးတစ်နေရာကိုငေးကြည့်နေသည်။
"မန်နေဂျာလီ ဘေဘီရဲ့ရုပ်အလောင်းကိုရှာနေတာက ဘယ်အခြေနေရောက်သွားပြီလဲ''
"ရှာနေတုန်းပါပဲ လေယာဉ်က မြစ်ထဲကိုပြုတ်ကျသွားတာမို့ ရှာတွေ့ဖို့က...''
"ကျုပ်က အကြောင်းပြချက်တွေတောင်းနေတာမဟုတ်ဘူး ဘေဘီရဲ့ရုပ်အလောင်းကို ကျုပ်မျက်စိနဲ့တပ်အပ်မြင်ချင်တယ်''
"ဟုတ်..ဟုတ်ကဲ့''
"ဘေဘီရဲ့လက်သည်းခွံလေးကစ မပျက်စီးစေနဲ့ သေချာတွေ့အောင်ရှာ။ခင်ဗျားတို့ရှာတာမနိင်ရင် တရုတ်မှာရှိတဲ့ကမ်းခြေစောင့်တပ်တွေပါ ရှာခိုင်းလိုက်''
"ဟုတ်ကဲ့''
"ကျွန်တော်ဒီအပတ်အတွင်း သတင်းထူးကြားချင်တယ်''
"ဟုတ်ကဲ့ ကျွန်တော်တို့ကြိုးစားပြီး သခင်လေးကိုမတွေ့တွေ့အောင်ရှာပါ့မယ်''
"အင်း.. ကျုပ်ဒီထက်ပိုပြီး စိတ်မရှည်ချင်ဘူး အလုပ်ကိုအလုပ်နဲ့တူအောင် ကောင်းကောင်းမွန်မွန်လုပ်ကြပါ''
"ဟုတ်ကဲ့''
"ဘေဘီရဲ့ရုပ်အလောင်းကို ကျုပ်မျက်စိနဲ့တပ်အပ်မမြင်ရမခြင်း ဘေဘီသေတာကိုအတည်မပြုပေးနိုင်ဘူး။ဒါကြောင့် သူ့မိသားစုဘက်က နာရေးကိစ္စနဲ့ပတ်သက်လို့မေးလာခဲ့ရင် ကျုပ်ကအတည်မပြုပေးသေးဘူးလို့ပြောလိုက်ပါ''
"ဟုတ်ကဲ့''
.
.
.
"ဟူး...အခုမှပဲအသက်ဝဝရှုရဲတော့တယ်''မန်နေဂျာလီတစ်ယောက် CEO ရဲ့အခန်းအပြင်ဘက်ရောက်သည်နှင့် လေပူတွေကိုမှုတ်ထုတ်ကာ ထိုသို့ရေရွတ်လိုက်သည်။CEOသည် တခြားသောနေရာများတွင် စိတ်ရှည်သလောက် သခင်လေးနဲ့ပတ်သက်ရင်တော့ ဘယ်သောအခါမှစိတ်မရှည်တက်ပေ။ဒါကြောင့်သခင်လေးသည်လည်း CEO အနားကထွက်သွားဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာဖြစ်မည်။
YOU ARE READING
LOVE OF JEON [COMPLETED]
FanfictionJeon Jung Kook × Min Yoon Gi Cover photo by ASIUU PISI 🍓🍓.