// 3 //

613 73 9
                                    

Zawgyi. Code

Yoon gi တစ်ယောက်မူးလဲပြီးနောက်တစ်ရက်မှာတော့ အလုပ်ထွက်စာကိုပြင်ဆင်လာပြီး သူ၏အလုပ်ရှိရာသို့ထွက်လာခဲ့ကာ အခုမှာတော့ ဟိုတယ်ဝင်ပေါက်တာင်ရောက်လာခဲ့ပြီဖြစ်သည်။ထို့နောက်မှာတော့ ဟိုတယ်ဝန်းထဲမဝင်မှီ ကပိုကရိုဖြစ်နေသော သူ၏အဝတ်အစားနှင့်ဆံပင်ပုံစံအားတစ်ချက်ပြင်ဆင်ရန် အနီးအနားရှိကားတစ်စီးအား မျက်လုံးလေးဝေ့ကာဖြင့်ရှာဖွေလိုက်သည်။

အကြောင်းမှာသူ၏ပုံစံအား သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်ရန်အတွက်ဖြစ်သည်။ခဏအကြာ ဟိုတယ်ဝင်ပေါက်ရှေ့မှာတင် သူရောက်ကတည်းကရှိနေသောကားတစ်စီးကြောင့် ထိုကားဆီသွားကာ အနည်းငယ်ဖွာနေသောဆံပင်ကိုဖိသပ်ချလိုက်ပြီး ကြယ်သီးအပြည့်မတပ်လာသော ရှပ်အင်္ကျီလက်ရှည်ခဲရောင်အား ကြယ်သီးအပြည့်အစုံတပ်ရင်းဖြင့် ဝန်ထမ်းကဒ်ကိုလည်း အိတ်ထဲမှထုတ်ကာ လည်ပင်းထက်သို့ဆွဲလိုက်လေသည်။

"ဖိုက်တင်း yoon gi ဖိုက်တင်း မင်းလုပ်နိုင်ပါတယ်''

Yoon gi မှာ ဝန်ထမ်းကဒ်ကိုဆွဲပြီးသည်နှင့် သူ၏ညာဘက်လက်ကိုမြေုာက်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း ကားမှန်ထဲတွင်မြင်နေရသော သူ့ပုံစံအား အားပေးကာ ဖိုက်တင်းဟုအကြိမ်ကြိမ်ပြောနေလေသည်။ထိုအချိန်ကားမှန်သည် အောက်သို့တဖြေးဖြေးကျလာပြီး ကားနောက်ခန်းတွင်ထိုင်ကာ သူ့ကိုမျက်လုံးစိမ်းတွေနဲ့ကြည့်နေသော လူကိုလည်းသဲကွဲစွာမြင်လိုက်ရသည်။

"အမလေး!''

Yoon gi တစ်ယောက်ထိုသို့အာမေဠိတ်သံပြုပြီး သူရပ်နေသည့်နေရာနှင့်ခြေနှစ်လှမ်းစာလောက်အကွာ
ယိုင်နဲ့သွားသည်။

"ဟေ့..ဟေ့..မနေ့ကလိုမူးလဲပြန်တာလား''

Ceo Jeon တစ်ယောက် မနက်စာကို အပြင်ထွက်စားအပြီး မန်နေဂျာလီမှအခုလေးတင်ပေးပို့သော အရေးကြီးတယ်ဆိုသော စာရင်းဖိုင်ကြောင့် ကားကိုခဏရပ်ခိုင်းကာ စာရင်းတွေကိုစစ်ကြည့်နေခြင်းပင်။ဒါကိုမနေ့ကမူးလဲသွားတဲ့ကောင်လေးက သူ၏ကားမှန်ကိုကြည့်ရင်း လက်သီးဆုပ်ကာ ဖိုက်တင်းလုပ်နေသောကောင်လေးကြောင့် စိတ်အနှောက်အယှက်ဖြစ်လာရသဖြင့် ကားမှန်ကိုချကာ သူဘယ်သူဆိုတာကို ပြသလိုက်ခြင်းပင်။ကောင်လေးကတော့ သူ့ကိုမြင်တာနဲ့ ဟိုနေ့ကလိုထိတ်လန့်နေပြီး အော်နေပြန်သတဲ့ ။

LOVE OF JEON  [COMPLETED]Where stories live. Discover now