// 4 //

630 70 19
                                    

Zawgyi Code

"မင်း..မင်းက... ဘယ်သူလဲ''

"ကျွန်..ကျွန်တော်က.. Min yoon gi လေ''

"ဒေါက်...ဒေါက်.. ဒေါက်..ဒေါက်..''

CEO Jeon တစ်ယောက် အတော်ကြာသည်အထိတွေဝေနေရာမှ အပြင်ဘက်က တခါးခေါက်သံကြောင့် သူရဲ့အတွင်းရေးမှူးအပေါ်ကို အုပ်မိုးနေရာမှဖယ်ပေးလိုက်ပြီး ပေါက်ကရဆန်သည့် မေးခွန်းမျိုးတွေ မေးမနေတော့ပဲ သူ့ရဲ့အလုပ်စားပွဲဆီသို့သာပြန်သွားလိုက်သည်။

"ဝင်ခဲ့ !!''

Ceo Jeon ရဲ့စကားအဆုံး သန့်ရှင်းရေးဝန်ထမ်းမလေးသည် ရုံးခန်းအတွင်းသို့ဝင်လာလိုက်ပြီး မြန်ဆန်စွာဖြင့်သူရဲ့အလုပ်ကို လုပ်ဆောင်ကာ ထိုရုံးခန်းထဲမှ ထွက်သွားလေသည်။

* ဟူး...တော်ပါသေးရဲ့ သန့်ရှင်းရေးလုပ်တဲ့ ညီမလေးကယ်ပေလို့ မဟုတ်ရင်အငိုက်မိတော့မှာ*

Yoon gi မှာသူ၏အတွေးနဲ့အတူ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး ဆေးသတ္တာဘူးကိုသူ့နေရာသူထားကာ ကျန်ရှိနေသော စာရင်းတွေကိုသာ ဆက်လုပ်ရန်ဟန်ပြင်လိုက်သည်။နောက်ဆို CEO Jeon ဆီမှာ ပိုပြီးသတိထားနေဖို့ရာကလည်း မတွေးမဖြစ်ပေါ့။

_____________________

ဤသို့ဖြင့် Jung Kook နဲ့ yoon gi သည် CEO နဲ့ အတွင်းရေးမှူးဆိုသည့်အနေအထားဖြင့် အလုပ်တွဲလုပ်လာသည်မှာ နှစ်လကျော်ကိုပင်ရောက်ခဲ့ပြီဖြစ်သည်။နှစ်လကျော်ရောက်သည့်တိုင် yoon gi သည် CEO Jeon မကြိုက်သည့်အရာများကိုရွေးလုပ်တက်ပြီးCEO Jeon သည်လည်း ခြိမ်းလိုက်ခြောက်လိုက်ဖြင့် CEO နဲ့ အတွင်းရေးမှူးမှာ အလွန်ပင်ကိုက်ညီမှုရှိလှသည်။jung kookသည် ဒေါက်တာဟန်လာကြိုတက်သည့်နေ့များတွင် အလုပ်မရှိအလုပ်ရှာပြီး အချိန်ပိုဆင်းခိုင်းနေတာမျိုး၊Yoon gi တစ်ယောက် HR အဖွဲ့ဘက်ကိုသွားပြီး ရင်းရင်းနှီးနှီးနေလျှင် မှန်နေသည့်စာရင်းကိုမှားတယ်ပြောပြီး ချက်ချင်းပြင်ဆင်ခိုင်းတာမျိုး၊တစ်ခါတစ်ရံအလုပ်နောက်ကျသည့်နေ့များတွင် yoon gi ရဲ့လစာကိုဖြတ်တောက်ပြီး သူ့ရဲ့အချစ်တော်ငါးလေးအတွက် အစာပြေမုန့်တချို့ဝယ်ပေးတက်တာမျိုး၊၊

Yoon Gi သည်လည်း CEO မကြိုက်သော ကော်ဖီအရသာကို ဘယ်နှစ်ခေါက်ပြောပြော မှားအောင်ဖျော်ပေးတက်တာမျိုး၊အစည်းအဝေးမှတ်တမ်းတွေကို တစ်ဖက်ချောနဲ့ထုတ်ပြီး ပြင်ဆင်ပေးတာမျိုး၊တစ်ခါတစ်ရံ မနားတမ်းအလုပ်ခိုင်းသည့်ရက်များဆို သည်းမခံနိုင်သည့်အဆုံး CEO သောက်မည့်ကော်ဖီထဲကို အိပ်ဆေးအနည်းငယ်ထည့်ပြီး ခဏတဖြုတ်အိပ်စက်စေတာမျိုး ထိုသို့ထိုသို့အမျိုးမျိုးဖြင့် CEO နဲ့ Yoon gi မှာ ရည်မှန်းချက်ကိုယ်စီဖြင့် နေ့စဉ်မပြတ်ရုံးတက်လျက်ရှိသည်။Yoon gi သည်ရုံးသွားသည့်မနက်တိုင်း အလုပ်ပြုတ်ဖို့အရေးဒို့အရေးဟုသာ နေ့တိုင်းကြွေးကြော်ကာ အလုပ်သွားလေ့ရှိသည်။

LOVE OF JEON  [COMPLETED]Where stories live. Discover now