The End (Unicode)

915 67 11
                                    

"ဟဲလို''

"ဟုတ်ကျွန်မပြောနေပါတယ် သခင်ကြီး''

"ဘေဘီကိုခေါ်ပေးပါ။ဘေဘီနဲ့ဖုန်းပြောချင်လို့!''

"ဟုတ်ကဲ့ သခင်ကြီး''

"လာပါ သခင်လေးရယ်၊သခင်ကြီးက ဖုန်းပြောဖို့စောင့်နေပါတယ်''

"တော်ပြီ၊မပြောချင်ဘူး၊ငါ့ဘက်က ပြောစရာဘာစကားမှမရှိဘူး''

"အဲ့လိုမလုပ်ပါနဲ့ လာပြောပါ သခင်လေးရဲ့။''

"မပြောဘူးဆို''

"သခင်လေးရယ်...''

အိမ်ထိန်းဂင်သည်ထိုသို့သာပြောနိုင်ပြီး သက်ပြင်းရှည်ကြီးအား မသိမသာချကာ ဖုန်းလက်ခံမပြောနိုင်သည့်အကြောင်းအား သခင်ကြီးထံပြန်ပြောရပြန်သည်။

အခုဆိုသခင်ကြီးကအလိုလိုက်လို့ သခင်လေးကစိတ်ကောက်လိုက်ပြန်တည့်လိုက်လုပ်နေသည်မှာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့။သခင်လေးစိတ်ကောက်တာကလည်း ရယ်စရာတော့ကောင်းသား။ သခင်ကြီးနဲ့စကားမပြောချင်ဘူးဆိုပြီး ပြီးရင်မန်နေဂျာလီဆီဖုန်းဆက်ခိုင်းပြီး သူ့ယောကျာၤးနေ့လည်စာစားလား၊အလုပ်ရှုပ်နေလား၊ဘယ်ကောင်မလေးတွေနဲ့စကားပြောလဲ၊စသဖြင့် စသဖြင့် မေးရသည်မှာလည်း အမောတကော။

______Love Of Jeon_______

"သခင်လေး ပန်းဆိုင်ကိုလိုက်ပို့ဖို့ လာခေါ်တာပါ သခင်လေး''

ဧည့်ခန်းထဲအသင့်ပြင်ကာထိုင်နေစဉ် အိမ်ထဲဝင်လာကာ စကားပြောလာသော မန်နေဂျာလီကြောင့် ဘာကိုလဲဆိုတဲ့သဘောဖြင့် မော့ကြည့်လိုက်သည်။

"သူေဋ္ဌးဂျွန်က သူကိုယ်တိုင်လိုက်မပို့နိုင်လို့ ကျွန်တော့်ကိုလွှတ်လိုက်တာပါ သခင်လေး ''

"သူက ဘာလို့လိုက်မပို့နိုင်တာတဲ့လဲ''

"ဘူဆန်က မမလေးအွန်ဂျောင်း.....''

"ဘာ...သူကအခုအဲ့မိန်းမကို အချိန်ပေးနေတယ်ပေါ့''

"ဟို..အလုပ်ကိစ္စကအရေးတကြီးပေါ်လာလို့ပါ''

"အဲ့ဆိုလည်း အိမ်ပြန်မလာခဲ့နဲ့လို့။အဲ့အလုပ်နဲ့ပဲ လက်ထပ်လိုက်လို့ ပြောလိုက်ပါ ''

LOVE OF JEON  [COMPLETED]Where stories live. Discover now