// 6 //

578 63 15
                                    

Zawgyi

"Yoon gi ဒါက ဘယ်လဲ''

"ဟမ် မင်းကအခုထိဆေးရုံမသွားသေးဘူးလား''

"ဒီနေ့ငါနားရက်ယူလိုက်တာ ဒါနဲ့မင်းကဘယ်လဲ''

"ငါ..ငါ..ဒီနားခဏပါ''

"ငါလိုက်ပို့မယ်လေ''

"မပို့ပါနဲ့ရတယ်ရယ်''

ဤသို့ဖြင့် Yoon gi သည် JinShin၏သံသယမျက်လုံးတွေထဲကနေ ရှောင်တိမ်းရင်း တိုင်းရုံးသို့ရောက်လာခဲ့သည်။တိုင်းရုံးမှခွင့်ပြုစာယူပြီးသည်နှင့် ရုံးကိုသွားက Mrs Wu ကို စာဖိုင်ပေးရင်း သူအလုပ်ထွက်သည့်အကြောင်းကို အသိပေးဖို့ရာတွေးထားခြင်းဖြစ်သည်။Yoon gi သည်သူ့အတွေးနှင့်ထပ်တူ Sweet Garden Hotel Hotel ဆီသို့သွားလိုက်ပြီး Mrs Wu ထွက်အလာကိုစောင့်နေလိုက်သည်။အချိန်အားဖြင့် နေ့လည်12နာရီရှိပြီမို့ HR ဌာနတစ်ခုလုံးနှင့် CEO Jeon သည် နေ့လယ်ထမင်းစားကြသည့် အချိန်ဖြစ်ပြီး Yoon gi သည်လည်း ဟိုတယ်ဝန်းထဲသို့ မဝင်ပဲMrs Wu အလာကိုသာ စောင့်နေလိုက်သည်။

"Mrs Wu''

"အယ် Yoon Gi မင်းဒီနေ့အလုပ်မလာတာလား''

"ဟုတ်ကဲ့ ကျွန်တော်တခြားအကြောင်းအရာလေးလည်းပြော..''

"ဟဲလို...ဟုတ်ကဲ့...ကျွန်မအခုပဲသွားစစ်ကြည့်လိုက်ပါ့မယ်''

"Yoon gi ပြီးမှမင်းနဲ့စကားပြောမယ်နော် အခုအရေးတကြီးကိစ္စလေးပေါ်လာလို့''

Mrs Wu သည်ဖုန်းလက်ခံပြောပြီးနောက် yoon gi ကိုထိုသို့ပြောပြီး Yoon Gi ရဲ့လက်မောင်းတစ်ဖက်ကိုခပ်ဖွဖွပုတ်ကာ ထွက်သွားလေသည်။

"ဟူး..ဒီခွင့်ပြုမိန့်ကို ငါဘယ်လိုသွားထားရပါလိမ့်''

Yoon gi သည်သူ၏ရေရွတ်သံနဲ့အတူ လေပူတစ်ချက်ကိုထုတ်လွှတ်လိုက်ပြီး ဟိုဟိုဒီဒီကိုငေးကြည့်နေမိသည်။သူငေးကြည့်နေစဉ် CEO Jeonနဲ့မန်နေဂျာဂူသည် ဟိုတယ်ဝန်းထဲမှ ထွက်လာတာကိုမြင်သောကြောင့် အနီးရှိပန်းပင်တစ်ပင်ကိုအကာအကွယ်ယူရင်း CEO Jeon မမြင်အောင် ပုန်းကွယ်လိုက်သည်။

*အင်း.. "ကို''က ထမင်းစားရင် အလွန်ဆုံးမိနစ်နှစ်ဆယ်လောက်ကြာမှာပဲ။ငါအဲ့အချိန်ကို ရုံးခန်းထဲကိုအလျင်အမြန်သွားထားလိုက်ပြီး ငါ့ပစ္စည်းတွေကိုယူလာလိုက်ရင် သူလည်းမသိသလို၊ငါလည်းဘာမှမဖြစ်တော့ဘူး။ဟုတ်တယ် ငါအဲ့လိုလုပ်ရမယ်*

LOVE OF JEON  [COMPLETED]Where stories live. Discover now