// 14 //

592 54 17
                                    

Zawgyi

"ဂုဏ်ယူပါတယ် သူဠေး သခင်လေးမှာ ကိုယ်ဝန် 3ပတ်ရှိပါပြီ''

ဆရာဝန်၏ ပြောစကားကြောင့် Jung Kook၏မျက်လုံးအိမ်တို့မှာ မျက်ရည်စအနည်းငယ် ပါလာခဲ့သည်။တကယ်ပဲ သူတွေးထင်ထားသလို မိသားစုလေးဖြစ်လာမှာပါလားဆိုတဲ့အတွေးက တွေးမိတိုင်းရင်ဖိုစရာ။ကိုယ့်ဘက်က ကလေးသိပ်မလိုချင်ပေမဲ့လည်း ဘေဘီသာ HanJinShin သေတာကိုသိသွားခဲ့ရင် ဒီကလေးက သူတို့ကြားမှာဖြတ်ပစ်လို့မရတဲ့ကြိုးတစ်ချောင်းဖြစ်လာမှာမို့ ကလေးကိုယူခဲ့ခြင်းသာ။

ဒါပေမဲ့လည်း အခုဘေဘီမျက်နှာကဖြူဖတ်ဖြူရော်ဖြစ်ပြီး အိပ်ယာပေါ်လဲနေတာမြင်ရပြန်တော့လည်း စိတ်မကောင်း။ကိုယ်ဝန်ရလာတာနဲ့အမျှ တဖြည်းဖြည်းပင်ပန်းလာမဲ့ဘေဘီအတွက်လည်း ကြိုတင်ပြီးပြင်ဆင်ထားတာမို့ အန္တရာယ်ကင်းကင်းနဲ့ ကလေးမွေးဖွားဖို့ကိုသာ လိုတော့သည်။

ကိုယ့်အတွက် ကလေးလေးယူဆောင်လာပေးဖို့ ကျေးဇူးဘေဘီ။ဒီကလေးလေးနဲ့အတူတူ ကိုယ့်ဘေးမှာအချိန်အကြာကြီးနေပေးမယ်မဟုတ်လား။

"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုန်း သူဠေး''

"ကောင်းပြီ! "

ဆရာဝန်အခန်းထဲကထွက်သွားသည်နှင့် အိပ်ပျော်နေသော ဘေဘီအနားသို့သွားကာ ကုတင်ပေါ်သို့ တင်ပလွှဲလေးထိုင်လိုက်တော့သည်။ထို့နောက် ဘေဘီနဖူးပေါ်ဝဲကျနေသော ဆံပင်အချို့ကိုသပ်တင်ပေးရင်း ဘေဘီရဲ့နှာခေါင်းလုံးလုံးလေးအား သူ(jung kook)၏ နှာခေါင်းလေးနှင့်ထိတွေ့ကာ ကလူကျီစယ်နေလိုက်သည်။

"အင်..ဟင်း...''

"ဘေဘီသတိရလာပြီပဲ''

"ဟင်..'ကို'က ရုံးအစောကြီးဆင်းလာတာလား''

"ဘေဘီမူးလဲတယ်ဆိုလို့လေ''

"အာ..''

''ဘေဘီ''

"ဗျာ..''

"ဘေဘီရဲ့ဗိုက်လုံးလုံးလေးထဲမှာလေ ကလေးသေးသေးလေးရောက်နေပြီတဲ့''

"ဟင်..ဒါ..ဒါဆို.. !''

"ဟုတ်တယ်..ဘေဘီဗိုက်ထဲမှာ ကိုယ်နဲ့ဘေဘီရဲ့ကလေးလေးလေးရောက်နေပြီ''

LOVE OF JEON  [COMPLETED]Where stories live. Discover now