// 19 //

465 58 11
                                    

Zawgyi

ဂျီဆောင်ဝုတစ်ယောက် သားဖြစ်သူအရေးပေါ်အခြေအနေအားကျော်လွန်ပြီးနောက်  ရိုးရိုးလူနာခန်းမှာရှိသည့် သားဆီကိုသွားကာ လိုအပ်တာများကိုဆောင်ရွက်ပေးနေသည်။

"လူနာရှင်ရှင့် ဆရာဝန်ကြီးက ခေါ်နေပါတယ်''

"ဗျာ...ဟုတ်ကဲ့''

ဂျီဆောင်ဝုသည်  သားဖြစ်သူ၏လက်ဖမိုးလေးအား ဆုပ်ကိုင်ထားစဉ် သူနာပြုဆရာမ၏ပြောစကားကြောင့် ထိုသို့ပြန်ပြောကာ ဆရာဝန်ကြီး၏ ရုံးခန်းသို့သွားလိုက်တော့သည်။

ဒေါက်...ဒေါက်

"ဝင်ခဲ့ပါ ''

ဆရာဝန်ကြီးသည် လူနာမှတ်တမ်းတွေကိုကြည့်ရင်းဖြင့် တံခါးခေါက်နေသူအား ဝင်လာဖို့ရာကို ပြောလိုက်သည်။

"မင်္ဂလာပါ ကျွန်တော်က Ji Jung Kook ရဲ့ ဖခင်ဖြစ်သူပါ''

"ဟုတ်ကဲ့ ထိုင်ပါအုန်း ''

ဆရာဝန်ကြီးသည် သူ၏မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတွင် လူနာရှင်အားထိုင်စေရင်း Jung Kook ၏ ကျန်းမာရေးအခြေအနေအားပြောနေတော့သည်။

.
.
.

"ဟို...ဆရာပြောချင်တာက..ကလေးက အနိုင်ကျင့်ခံရတယ်လို့ပြောချင်တာလား''

"ဟုတ်ပါတယ်...အခုဓာတ်မှန်ထဲမှာမြင်နေရတာတွေက ဖျားနာခြင်းကြောင့်မဟုတ်ဘဲ ကျောင်းမှာအနိုင်ကျင့်ခံရတာ၊ဒါမှမဟုတ် အိမ်ပတ်ဝန်းကျင်မှာအနိုင်ကျင့်ခံရတယ်ဆိုတာကိုပြောချင်တာပါ။ကလေးရဲ့ လက်ဖျံရိုး၊ခြေထောက်ရိုးတွေနဲ့ လက်စစ်ရိုးတွေမှာ အက်ကွဲနေပြီး ဒီဒဏ်ရာတွေကလည်း ဓာတ်မှန်ကနေမှ တွေ့မြင်နိုင်တာပါ။ဒါကြောင့် ကလေးကနေကောင်းသွားလို့ဆေးရုံကဆင်းရင်တောင် ကလေးရဲ့ပတ်ဝန်းကျင်ကို အထူးဂရုစိုက်ပြီး ကာကွယ်ပေးဖို့လိုအပ်ပါတယ်''

"ဟုတ်ကဲ့..နားလည်ပါပြီ''

"ကလေးကိုပစ်မထားပါနဲ့တော့ ဒီလထဲကိုဆေးရုံရောက်တာ ဘယ်နှစ်ခါတောင်ရှိနေပြီလဲ''

"ဟုတ်ကဲ့''

ဦးလေးကြီးဂျီဆောင်ဝုသည် ခေါင်းကိုငုံ့ထားလျက်သာ စကားဆိုပြီးJung Kook လေးရဲ့အခန်းကိုသာ လာခဲ့လိုက်သည်။

LOVE OF JEON  [COMPLETED]Where stories live. Discover now