// 9 // Little warning

906 71 8
                                    

Zawgyi

"Yoon gi ''

"အမလေး လန့်တာ''

မီးဖိုထဲဝင်လာပြီး သူ၏နာမည်ကိုခပ်ဆောင့်ဆောင့်ခေါ်လိုက်သောကြောင့် လန့်သွားသူyoon gi မှာသူ၏ရင်ဘက်လေးကိုဖိပြီး jung kook ရှိရာဘက်သို့မျက်နှာမူလိုက်ကာ ဘာလဲဟုမျက်ရိပ်ပြလိုက်သည်။

"ဘာတွေတွေးနေလို့ အဲ့လောက်လန့်နေရတာလဲ''

"ဘာတွေးတွေးပေါ့ စွပ်ပြုတ်သောက်သွား..မြန်မြန်သောက်မြန်မြန်ပြန်''

Yoon gi သည်ထိုသို့ပြောပြီး gasအိုးပေါ်ရှိ ကြက်စွပ်ပြုတ်အိုးကိုခလုတ်ပိတ်ကာ ပန်းကန်လုံးထဲသို့အနေတော်ခပ်ထည့်လိုက်ပြီး ထမင်းစားပွဲခုံပေါ်သို့ချပေးလိုက်သည်။

"အရက်နာကျတဲ့သူကိုစွပ်ပြုတ်တိုက်ရတယ်လို့ ဘယ်သူပြောလဲ''

"သောက်ဆိုသောက်ပေါ့ မသောက်ရင်သွန်ပစ်လိုက်တော့မှာ''

"ငါကမနက်စာကို စွပ်ပြုတ်မသောက်ချင်ဘူး''

"ဒါဆိုဘာသောက်ချင်တာ''

"ကြက်စွပ်ပြုတ်မဟုတ်ဘဲ တခြား..အစား...အ..စာ..''

Jung jook သည် စကားလုံးတွေကိုတစ်ခွန်းချင်းစီပြောပြီး yoon gi အနားသို့တိုးကပ်လာလိုက်သည်။ထို့နောက် အေပရွန်မီးခိုရောင်ကိုဝတ်ဆင်ထားသော yoon gi ရဲ့ခါးကိုခပ်ဖွဖွထိန်းကိုင်ရင်း သူ၏ရင်ဘတ်နှင့်yoon gi ၏မျက်နှာကိုနီးကပ်စေလိုက်သည်။

"ဘာ..ဘာလုပ်တာလဲ''

Yoon gi သည်လည်း မျက်နှာကိုမော့ကာ jung kook မျက်နှာကို စေ့စေ့ကြည့်ရင်း ကတုန်ကယင်ဖြင့်မေးလိုက်မိသည်။ဘယ်လိုပဲသူက jung kook ကိုမုန်းတယ်ပြောပြော သူ၏အမျိုးသားဖြစ်ဖူးတဲ့Jung kook အပေါ်ကိုတော့ ခံစားချက်တွေတစ်စွန်းတစ်စကျန်နေသည်ကိုတော့ ငြင်းလို့မရသေးပေ။ဒါ့အပြင်ညို့အားပြင်းလွန်းတဲ့ မျက်ဝန်းတစ်စုံနှင့်အတူ နှုတ်ခမ်းပါးအောက်က မှည့်နက်လေးကပါ မလွတ်မပေးတမ်းကြည့်ချင်လောက်အောင်ထိ ဆွဲဆောင်လွန်းနေသည်။yoon giနည်းတူ jung kook  သည်လည်းတစ်ယောက်မျက်နှာကိုတစ်ယောက်စေ့စေ့ကြည့်ရင်း အချိန်အတော်ကြာသည်ထိ မီးဖိုခန်းထဲမှာ ရပ်နေကြတော့သည်။

LOVE OF JEON  [COMPLETED]Where stories live. Discover now