// 18 //

555 57 10
                                    

Zawgyi

"ခွမ်း  !!''

ပန်းကန်ကွဲစတွေသည် အခန်းအတွင်းသို့ပြန်ကြဲသွားပြီး ဟိုတစ်စဒီတစ်စဖြင့် တည်ရှိနေတော့သည်။

"ငါ့အခန်းထဲကိုမလာနဲ့လို့မပြောဘူးလား! ''

" 'ကို'...''

စွပ်ပြုတ်တိုက်နေတာကိုမသောက်ဘဲ လက်နှင့်ယမ်းကာ ကွဲကြသွားသောကြောင့် 'ကို'ဆိုသော နာမ်စားလေးကို တမ်းတကာ တိုးညှင်းစွာသာရေရွတ်လိုက်သည်။

"ငါ့အနားမလာနဲ့လို့ မင်းအခန်းမှာပဲနေလို့ပြောထားတာ နားမလည်တာလား! "

"ဘေ..ဘေဘီက ကိုယ့်ကိုပြုစုပေးချင်လို့ပါ ။ပြီးတော့ ဆေးရုံဆင်းပြီးကတည်းက 'ကို့'ကို မမြင်ရသေးတာကြောင့် ''

"ဟက်!  အနာပေးလိုက် ဆေးပေးလိုက်ပါလား Min Yoon Gi!  ''

"ဘေဘီတောင်းပန်ပါတယ် ''

"ဟက် !အီဂွန်းချောဆိုတဲ့မိန်းမနဲ့ပေါင်းပြီး ကြံစည်တာ ဒါအကုန်ပဲလား!  ''

"ဟင်..ကိုယ့်ကိုသေစေချင်ခဲ့တာ ဘေဘီတစ်ယောက်တည်းပါ ''

"ငါကယုံမယ်လို့ထင်လို့လား။မင်းက အိမ်ထဲကနေအိမ်ပြင်တောင်မထွက်ရတာ အဲ့ဆေးကိုဘယ်ကရမှာလဲ! "

"ဟုတ်ပါတယ် ဆေးကိုရအောင် ဂွန်းချောက ကူညီပေးခဲ့တာပါ။ဒါပေမဲ့ ဘေဘီကိုယ့်ကိုမုန်းလွန်းအားကြီးလို့ သေစေချင်ခဲ့တာပါ ။တကယ်တမ်း အဆိပ်တွေသောက်ပြီး လဲကျသွားချိန်မှာတော့ ဘေ..ဘေဘီအနေနဲ့ ကိုယ်သေသွားမှာကို မလိုလားခဲ့ပါဘူး။ဘေဘီတကယ်ပြောတာပါ...ဘေ..ဘီအနေနဲ့ ကိုယ့်ကိုအမှန်တကယ် မသေစေချင်ခဲ့ပါဘူး ''

"ငါ့ကိုဘာလို့သေစေချင်ခဲ့တာလဲ!! "

"ကလေးအတွက် ၊ JinShin အတွက် 'ကို့'ကိုမုန်းနေခဲ့တာ ''

"အခုရော ကိုယ့်ကိုမုန်းသေးလား  "

"ဗျာ... ''

"ကိုယ်တို့တွေကျေအေးကြရအောင်လေ။JayGလေးအတွက် ကိုယ်တကယ်ကိုစိတ်မကောင်းပါဘူး ကိုယ်မရည်ရွယ်ခဲ့ပါဘူး။ ဘေဘီပြောသလို JayGလေးကို ကိုယ့်အနေနဲ မသေစေချင်ခဲ့ပါဘူး ။Jinshin ကို သတ်ပစ်လိုက်ရတာကတော့ ကိုယ့်..ကိုယ့်အနေနဲ့ ဘေဘီကိုဆုံးရှုံးရမှာကြောက်လို့ပါ။ဒါကြောင့် ဘေဘီကကိုယ့်ကိုအဆိပ်ခက်ပြီး သေစေတဲ့အနေနဲ့ ကျေအေးလိုက်ကြရအောင်နော်...။ နော် ဘေဘီ ကိုယ်ပြောတာ နားလည်တယ် မဟုတ်လား ''

LOVE OF JEON  [COMPLETED]Where stories live. Discover now