// 15 //

567 55 6
                                    

Zawgyi

နေလုံးကြီးသည် အနောက်ဘက်အရပ်သို့တိမ်မြုပ်သွားခဲ့ပြီး ညအချိန်ကိုပင်ရောက်ခဲ့ပြီဖြစ်သည်။မှောင်ရီပျိုးလာတာနဲ့အမျှ Jung Kook ရဲ့စိတ်တွေသည်လည်း အိမ်သို့အမြန်ပြန်ချင်နေခဲ့ပြီဖြစ်သည်။

ခါတိုင်းရက်တွေဆို သူရုံးကဆင်းလာတိုင်း ဘေဘီလေးက ဧည့်ခန်းထဲမှာထိုင်ပြီး စောင့်ကြိုစတက်မြဲ။အခုတော့ ဘေဘီလေးရဲ့ဗိုက်ထဲက JayG လေးကြောင့် ဘေဘီလေးနဲ့ မျက်နှာချင်းမဆိုင်ရသည်မှာ တစ်လလောက်တောင်ရှိတော့မည်ဖြစ်သည်။ထိုအချိန်မှစ၍ ဘေဘီနဲ့သူလည်း အခန်းခွဲအိပ်ခဲ့ရခြင်းဖြစ်သည်။

သူ့(Jung Kook)ကိုမြင်တိုင်း ပျို့တက်လာကာ အန်နေသော ဘေဘီကြောင့် ဆရာဝန်ပြောတဲ့နေ့မှစ၍ ဘေဘီရှိတဲ့နေရာထိမသွားဘဲ အဝေးကနေရင်းသာ ဘေဘီမျက်နှာလေးကို ခိုးခိုးကြည့်ခဲ့သည်မှာလည်း အကြိမ်ပေါင်းမနည်းတော့။

အခုချိန်လောက်ဆိုဘေဘီလေး အိပ်ပျော်နေလောက်ပြီဖြစ်သည်။ဒါကြောင့် သူ(Jung Kook)သည်လည်း စာရင်းဖိုင်တွေကြား ခေါင်းနှစ်ထားရာမှ အမြန်ရုန်းထွက်ခဲ့ပြီး မန်နေဂျာလီကိုကားအဆင်သင့်ပြင်ခိုင်းကာ မိမိအိမ်ကိုသာ ပြန်လာခဲ့လိုက်တော့သည်။

ဒီအချိန်ဆို ဘေဘီလေးက အိပ်မောကျပြီး သူကောင်းကောင်းခိုးကြည့်နိုင်မည့် အချိန်အခါလည်းဖြစ်သည်။

"သခင်ကြီး ညစာပြင်လိုက်ရတော့မလား''

အိမ်ထဲဝင်ဝင်လာချင်း အိမ်တော်ထိန်းဂင်ရဲ့စကားကြောင့် လက်ကာပြရင်းသာ ဘေဘီအခန်းဆီကိုသာ ဦးတည်ခဲ့လိုက်တော့သည်။

တနေကုန်အလုပ်ထဲမှာ စိတ်နှစ်ထားခဲ့ရတာလေ။အိမ်ပြန်ရောက်ချိန်မှာတော့ ချစ်ရသူရဲ့မျက်နှာလေးကို အရင်ဦးဆုံးပြေးမြင်ချင်ခဲ့တာ ချစ်တက်တဲ့လူတိုင်းရဲ့ ဆန္ဒမဟုတ်ပါလား။

"အင်း..ပါပါးရဲ့သား JayG လေး''

အခန်းထဲရောက်သွားတော့ ဘေဘီဗိုက်က အိပ်နေရင်းတောင် သူ့သားနာမည်ကို ထယောင်နေသတဲ့။ဒါကြောင့် သူလည်း ဘေဘီကုတင်နားမှာရှိသည့် ထိုင်ခုံတစ်လုံးကိုဖွဖွလေးဆွဲယူကာ ထိုင်ချလိုက်ပြီး ဖောင်းလာပြီဖြစ်သော ဘေဘီရဲ့ လက်အစုံအားကိုင်ကာ မွှေးကြူနေလိုက်လေသည်။

LOVE OF JEON  [COMPLETED]Where stories live. Discover now