// 5 //

598 70 3
                                    

Zawgyi

"Yoon gi မင်းမျက်နှာပေါ်က ဒဏ်ရာတွေက''

"ငါအလုပ်ပြုတ်လာခဲ့ပြီ JinShin''

"ဟမ် !''

"ငါ့..ငါ့ကို CEO Jeon ကိုယ်တိုင်ကအလုပ်ဖြုတ်လိုက်ပြီ''

"ဟင်...ကဲပါ...အဲ့တာတွေထားပါ အရင်ဆုံးအိမ်ပြန်ပြီး ဒဏ်ရာတွေကိုဆေးထည့်ရအောင်''

"အင်း...''
.
.
.
.
.
"ကဲ ဆေးထည့်လို့လည်းပြီးပြီဆိုတော့ ဘယ်လိုဖြစ်တာလဲ ပြောစမ်းပါအုန်း''

"&&&8*&&&''

"အဲ့ဆို မင်းကသူ့ဆီကနေ တရားဝင်အလုပ်ထွက်လို့ရသွားပြီပေါ့''

"အွန်း..''

"ဒါဆိုဘာလို့မျက်နှာကြီးက စိတ်မကောင်းတဲ့ပုံစံဖြစ်နေရတာလဲ''

"ငါ 'ကို့'ကို သနားနေမိတာထင်တယ်''

"ဘာ!''

"ငါစိတ်ငါလည်းမသိတော့ဘူး JinShin သူ့လက်ကဒဏ်ရာကသွေးတွေထွက်နေတဲ့အချိန်မှာ ငါကသူ့ဆီသွားပြီး ဆေးထည့်ပေးလိုက်တာပဲဖြစ်ဖြစ်၊သူဒဏ်ရာသက်သာသွားအောင် သူ့ရဲ့လက်ကိုကိုင်ပေးလိုက်တာပဲဖြစ်ဖြစ် ငါလုပ်ပေးချင်နေတော့တာ''

"မင်းပြောတော့ Jeon Jung Kook ကိုသေလောက်အောင်မုန်းတာဆို။အဲ့တာကြောင့် မင်းပဲထွက်ပြေးလာခဲ့တာလေ။မင်းအပေါ်ဘယ်လိုနှိပ်စက်ခဲ့လဲဆိုတာ မသိခဲ့လို့လား''

"ငါ...ငါသိပါတယ်...''

"Yoon gi ရာ မင်းဒီလိုစိတ်ပျော့ပုံမျိုးနဲ့ဆို ဘယ်လိုလုပ် Jeon Jung Kook ရဲ့လက်ထဲကလွတ်မြှောက်နိုင်မှာလဲ။မင်းကျောပေါ်က ချုပ်ရိုးရာတွေက မင်းဘယ်လောက်နှိပ်စက်ခံထားရတယ်ဆိုတဲ့ သက်သေတွေနော်''

"ငါသိတယ် JinShin သူ့ကိုသနားစိတ်ဝင်မိတာကလည်း အရင်ကသံယောဇဉ်တွေကြောင့်။အခုငါက သူ့ဆီကတရားဝင်လွတ်မြှောက်သွားပြီ။ဟုတ်တယ် ငါတကယ်လွတ်မြှောက်သွားပြီ''

JinShinမှာ Yoon gi ရဲ့စကားသံကြောင့် အားမလိုအားမရဖြင့် ဧည့်ခန်းထဲတွင်မြင်နေရသော အလှမီးအိမ်လေးကိုသာ တွေတွေကလေးငေးကြည့်နေမိသည်။ကိုယ်ကသူ့ကိုကာကွယ်ပေးချင်လို့ဒီလောက်ထိပြောဆိုနေတာကို သူကအမှတ်မရှိတဲ့အပြင် ယောကျာင်္းဟောင်းကို သနားနေတာတဲ့လား။Jeon Jung Kook က ဘယ်လိုဆိုတာ ကျွန်တော်ရောသူရောအသိဆုံး။Jeon Jung ဆိုတာက အထက်စီးဆန်တယ်။မောက်မာတယ်။ကောက်ကျစ်စဉ်းလဲတယ်။အောက်တန်းကျတယ်။

LOVE OF JEON  [COMPLETED]Where stories live. Discover now