Zawgyi
"CEO ဒါကသခင်လေး လေယာဉ်ပေါ်မတက်မှီရိုက်မိထားတဲ့ cctv မှတ်တမ်းက ဓာတ်ပုံတချို့ပါ''
"မင်းတို့ရှာနိုင်တာ ဒါအကုန်ပဲလား။ဒီပုံတွေပြပြီး ဘေဘီသေသွားပြီဆိုတာကို ငါ့ကိုအတည်ပြုခိုင်းနေတာလား''
"တောင်း..တောင်းပန်ပါတယ် သူဠေး။ကျွန်တော်တို့ဘက်ကလည်းရှာနေတယ်ဆိုပေမဲ့ Korea Airline ဘက်က ပြုတ်ကျတဲ့ရေပိုက်နက်ထဲကို ဝင်ခွင့်မပေးတာမို့ပါ''
"ဘာ! အဲ့ဆိုစောစောပြောလေ။ဒီဘက်ကအစိုးရဝန်ကြီးဌာနတွေကို အကူအညီတောင်းပြီး အားကုန်သုံးပြီးရှာရမှာလေ''
"ဟုတ်ကဲ့..သူဠေးမပြောခင်ကတည်းက ကျွန်တော်ကြိုးစားခဲ့ပေမဲ့ korea airline ဘက်က ပျက်ကျပြီးသိပ်မကြာခင်မှာ အခုလိုမျိုးကန့်သတ်လိုက်တာပါ။ဟို...ဟို...ကျွန်တော်တို့ဘက်ကလည်း ဒါပဲရှာနိုင်ခဲ့လို့တောင်းပန်ပါတယ်''
"တောက်!''
ရုံးခန်းအတွင်းမှာတော့ CEO ဂျွန်ရဲ့ တောက်ခေါက်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီးနောက်...
"ခလွမ်း....''
"အာ့..''
မန်နေဂျာလီမှာသူ့ရဲ့စကားအဆုံး သူ့ရဲ့နဖူးပြင်ထက်သို့ရောက်ရှိလာတဲ့ CEO ရဲ့ စားပွဲခုံပေါ်က ကြွေပန်းအိုးတစ်လုံးကြောင့် 'အာ့'ဟု ညည်းတွားရင်း နဖူးပြင်ပေါ်မှစီးကျလာသော သွေးအချို့အား မျက်ကွယ်ပြုထားလိုက်မိသည်။
"ဘာမှကိုစောက်သုံးမကျဘူး ငါလိုချင်တာ ဒီလိုအချက်အလက်တွေမဟုတ်ဘူး''
CEO JEON မှာထိုသို့ပြောရင်း မန်နေဂျာလီရှေ့သို့ရောက်လာကာ မျက်နှာချင်းဆိုင်ရပ်လိုက်ရင်း မန်နေဂျာလီရဲ့ရင်ဘတ်အား သူ၏သန်မာလှတဲ့လက်သီးဆုပ်ဖြင့် တစ်ချက်ပြီးတစ်ချက်ခပ်ဆက်ဆက်ကလေးထိုးရင်း သူ၏မကျေနပ်မှုများအား ဖြေလျော့နေတော့သည်။မန်နေဂျာလီမှာတော့ ခေါင်းကိုငုံထားရင်းသာ CEO Jeon အလိုကျနေပေးလိုက်တော့သည်။မနေပေးလို့မှမတက်နိုင်တော့ဘဲ သူပေးထားတဲ့ ပိုက်ဆံကိုယူထားမှတော့ ''သူ့ဆန်စားရဲမှ'' ဆိုတဲ့စကားအတိုင်း ကိုယ်ကဝန်ထမ်း သူကအလုပ်ရှင်လေ။ပြီးတော့ သူဠေးကသခင်လေးနဲ့ပတ်သက်ရင် အထိအခိုက်မခံတာမို့ CEO Jeonကအခုသူ့အပေါ်ပြုမှုနေတာတွေဟာ မထူးဆန်းတော့။သူ့နေရာမှာတခြားသူဆိုအရိုးတခြားအသားတစ်ခြားဖြစ်အောင်လုပ်ပြီး အလုပ်ထုတ်ပြီးလောက်ပြီ။သူကသာ CEO Jeon ရဲ့ငယ်မွေးခြံပေါက်ဖြစ်ပြီး စာရင်းပိုင်းနဲ့ပတ်သက်လာရင် တိကျသူမို့်သာ ယခုအချိန်ထိ ဘေးမှာရှိနေခဲ့တာ။
YOU ARE READING
LOVE OF JEON [COMPLETED]
FanfictionJeon Jung Kook × Min Yoon Gi Cover photo by ASIUU PISI 🍓🍓.