// 10 //

752 71 6
                                    

Zawgyi

"အချိန်မရှိဘူး jinshin ငါတို့မြန်မြန်ထွက်ပြေးမှရမယ်''
.
.
.
.
.
"လာyoon gi ငါ့လက်ကိုလှမ်းဆွဲလိုက်''

စက်လှေပေါ်တက်သည့်အခါတွင် အရင်ရောက်နှင့်နေသူ JinShin သည် yoon gi ထံသို့လက်တစ်ဖက်ကမ်းပေးရင်း ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

"ဘေဘီ!!''

စက်လှေပေါ်တက်ခါနီး နောက်ကျောဘက်ကနေကြားလိုက်ရသည့် အသံနက်ကြီးကြောင့် jinshin ဆီသို့ လှမ်းနေသည် yoon gi ရဲ့လက်တွေသည် ရပ်တန့်သွားရပြီး အသံလာရာဆီသို့လှမ်းကြည့်လိုက်မိသည်။

"Yoon gi မြန်မြန် !''

Jinshin သည် jung kook နှင့်သူရဲ့လူတွေက ဆိပ်ကမ်းတစ်ခုလုံးကို ဝိုင်းအုံလာတာကြောင့် yoon gi ကို စက်လှေပေါ်အမြန်တက်စေပြီး ဒီနေရာကနေသာ အမြန်ဆုံးထွက်ခွာချင်မိသည်။

"Han JinShin သတ္တိရှိရင်ခြေတစ်လှမ်းထပ်တိုးလိုက်!  ''

Jung Kook သည် Yoon Gi ကို စက်လှေပေါ်တက်စေရန် ကြိုးပမ်းနေသော JinShin အား သေနတ်လှမ်းချိန်ထားကာ ထိုသို့ခြိမ်းခြောက်နေသည်။

"ဘေဘီ ကိုယ်နဲ့လိုက်ခဲ့မလား JinShin ဆိုတဲ့အကောင်ကို ဒီနေရာမှာပဲ ငါးစာကျွေးလိုက်ရမလား''

Jung kook သည် ပြောပြောဆိုဆိုဖြင့် တစ်လှမ်းခြင်းလှမ်းလာရင်း Yoon gi အနားသို့ကပ်လာကာ JinShin ကိုလည်း စောကပုံစံအတိုင်း သေနတ်ဖြင့်ချိန်ရွယ်ထားသည်။ထို့နောက် သူ့နောက်မှာပါလာသည့် လူတွေကို ခေါင်းတစ်ချက်ငြိမ့်ပြကာ Han JinShin အား ဖမ်းခေါ်ဖို့ရာ အချက်ပြလိုက်သည်။

Jung Kook အချက်ပြလိုက်သည်နှင့် ဝတ်စုံအမဲဝတ်ဆင်ထားသော လူငါးယောက်သည် စက်လှေပေါ်သို့ခုန်တက်လာကြပြီး JinShin အားဖမ်းချုပ်ထားသည်။

"jinShin !!''

" C..CEO Jeon  Jin..Jin Shin ကိုတော့လွှတ်ပေးပါ ကျွန်..ကျွန်တော် လိုက်ခဲ့ဆိုလိုက်ခဲ့ပါ့မယ်''

Yoon gi သည် ဖမ်းခံထားရသော jinshin ကိုကြည့်ကာ jung kook အား လက်အုပ်ချီကာ တောင်းပန်ရင်းဖြင့် အောက်သို့ထိုင်ချလိုက်သည်။

"ကျွန်..ကျွန်တော့်သူငယ်ချင်းကိုလွှတ်ပေးပါ။ကျွန်..ကျွန်တော် C..CEO ပြောတာကို တစ်ခုမကျန်လိုက်နာပါ့မယ် "

LOVE OF JEON  [COMPLETED]Where stories live. Discover now