အခန်း (၁၃)

5K 481 4
                                    

အခန်း (၁၃)

"အမေ"

ဖွားဖွားက အဖေ့ရဲ့ခေါ်သံကြောင့် ဖေဖေ့ကို ကြည့်လိုက်တယ်။ ကျွန်မလည်း ဖေဖေ့မျက်နှာပေါ် အာရုံစူးစိုက်ထားမိတယ်။

"ကျွန်တော် ဆယ်တန်းနှစ် စာမေးပွဲ မဖြေခင်ကလေ။ ကျွန်တော်တို့ ဆရာတွေကို ကန့်တော့ကြရင်းနှုတ်ဆက်ပွဲ လုပ်တုန်းက အမေ မှတ်မိလား"

"မှတ်မိတယ် သား။ အဲ့ဒီနေ့က သားက ကျောင်းဝင်းထဲက ပန်းခူးခဲ့ပေးသေးတယ် လေ။ အမေ့အတွက်ဆိုပြီး"

"ဟုတ်တယ်။ အဲ့ဒါ သား အမေ့ကို တောင်းပန်တဲ့သဘောနဲ့ ခူးလာပေးခဲ့တာ။ သား တစ်ယောက်တည်းသိတဲ့ တောင်းပန်မှုမျိုးပေါ့။"

အဖွားက အဖေ့စကားကိုကြားတော့ အနည်းငယ် အံ့အားသင့်သွားတယ်။

"သားက ဘာမှားလို့လဲ"

"အဲ့ဒီနေ့က အမေက သားကို ကျောင်းစိမ်းပုဆိုး အသစ်နဲ့ ရှပ်လက်ရှည်ဖြူကို ဝတ်ခိုင်းတာလေ။ ဒါကို သားက ဝတ်မသွားပဲ "အမေကလည်းဗျာ သား ဝတ်စုံ အသစ် မဝတ်ချင်ပါဘူး"ဆိုပြီး အမေဆင်ပေးတာကို ငြင်းပစ်ခဲ့တာ"

"အမေ မှတ်မိပါတယ်"

"အဲ့တုန်းက အမေ့မျက်နှာလေး ညှိုးသွားပြီး သားကိုလည်း ဆက် မတိုက်တွန်းခဲ့ဘူးလေ။ တကယ်က အဲ့ဒီနေ့မှာ လူတိုင်း ကျောင်းဝတ်စုံ အသစ်တွေ ဝတ်ကြတယ်။ နောက်ပြီး အမေ ဆင်ပေးသလို ရှပ်လက်ရှည်ဖြူကိုပဲ အဝတ်များကြပါတယ်။ သား အဲ့ဒီလို မဝတ်လိုက်တာက စိုးအောင်လွင် ကြောင့်ပါ။ သူ့မှာ ဝတ်နေကျ တစ်ပတ်နွမ်းလေးပဲ ရှိတာ။ သူ့တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ရှပ်လက်တိုဖြူနဲ့ ကျောင်းစိမ်းလုံချည် အဟောင်းလေးကိုပဲ သူနဲ့တူအောင် လိုက်ဝတ်ခဲ့တာပါ အမေ။ သား အမေ့ကို အဲ့ဒါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ရင် ရရဲ့သားနဲ့ မပြောခဲ့မိဘူး"

ပြောပြနေတဲ့ အဖေ့မျက်နှာကို အဖွားဟာ ငေးစိုက်ကြည့်နေခဲ့တယ်။ အဖေက ပြန် ကြည့်လိုက်တဲ့အချိန်မှာ အဖွားဟာ သူ့သားကို ပြုံးပြပါတယ်။ အလွန်တရာ ကြည်နူးချမ်းမြေ့တဲ့ မျက်နှာဟန်ပန်မှာ ဆွေးမြေ့သယောင်လည်း ဖြစ်နေပြန် တယ်။ အဖေက သူ့စကားကို ဆက်ပြောပါတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now