အခန်း (၂၃)

3.9K 414 17
                                    

အခန်း (၂၃)

နောက်တစ်နေ့ကစပြီး မမ မေငြိဏ်း ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ပုံမှန် ကျောင်းပြန်သွားတယ်။ အစား အသောက် အချိန်မှန် ပြန်စားတယ်။ စာအုပ် ဖတ်တယ်။ ကျွန်မနဲ့ အတူရှိနေကျအချိန်တွေ ပုံမှန်အတိုင်း ပြန်ရှိတယ်။ စာရတဲ့ ညနေ နဲ့ နေ့တစ်နေ့ဟာ မရှိခဲ့သလိုတောင် ဖြစ်နေတယ်။

အတိုင်းထက်အလွန် ကြေကွဲမှုရဲ့ အရိပ်အယောင်ဟာ နောက်တစ်နေ့တွေဆီ တစ်စက်မှ ပါမလာခဲ့ဘူး။ သိပ် တတ်နိုင်တဲ့ မမ မေငြိဏ်းပါပဲ။ မမ မေငြိဏ်းရဲ့ ရူပဆောင်မှာ သွားစောင့်ခေါ်ပြီး ကျွန်မတို့ ကျောင်းဝင်းထဲ အတူတူ လျှောက်ပြန်လာကြတယ်။

"မမ"

"ကလေး"

"ခရေပင်လမ်းလေး ခဏ သွားထိုင်မလား"

"အင်း၊ ထိုင်ရင် ထိုင်လေ ကလေး၊ ဖတ်စရာ စာအုပ်ရော ပါလား"

အရင်ကဆို ခဏထိုင်ဖြစ်ဖို့တောင် အတော်ကြိုးစားခဲ့ရဖူးပေမယ့် အခုဆို အဲ့ဒီလမ်းထဲကခုံမှာ စာထိုင်ဖတ်ဖို့တောင် မမ မေငြိဏ်း တတ်နိုင်နေပြီလေ။ ကျွန်မ ကြိတ်ပြုံးပြီး ဖြေလိုက်တယ်။

"ပါတယ်။ မမ မှာရော"

"ပါတယ် ကလေး"

ဒီလိုနဲ့ တိတ်ဆိတ် တဲ့ ခရေပင်လမ်းက ခုံလေးပေါ် ကျွန်မတို့နှစ်ယောက် ထိုင်ဖြစ်သွားတယ်။ လေပြေ သော့သော့မှာ ခရေပင်ရဲ့အရွက်ကလေးတွေ လှုပ်ခတ်သွားသံဟာ နားဝင်ချိုနေသလားပဲ။ မမ မေငြိဏ်းက စာအုပ် ထုတ် ဖတ်နေတယ်။ ကျောင်းသူတချို့ အဲ့ဒီလမ်းလေးထဲက ဖြတ်သွားကြရဲ့။ ကျွန်မလည်း စာအုပ်ဖတ်မယ် ကြံပြီးမှ ရုတ်တရက် စိတ်ပြောင်းသွားတယ်။

"မမ"

"ဟင်"

မမ မေငြိဏ်းက သူ့ရဲ့ ဖတ်လက်စ စာမျက်နှာပေါ်က အကြည့်မရွေ့ပဲ "ဟင်" လို့ ထူးသံပြုတယ်။

"ငယ် တစ်ခုမေးမယ်။ ဖြေပေးမလား"

"မေးကြည့်လေ ကလေး"

"ဖြေပေးမှာလား အရင်ပြော"

"ဖြေမယ်ကွယ် မေး"

"ဖုန်းဆက်နေတာ ဘယ်သူလဲ"

ဒီတစ်ခါ ကျွန်မဆီ မမ မေငြိဏ်းရဲ့ မျက်လုံး အကြည့် ရောက်လာတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now