အခန်း (၁၉)
အဆောင်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး မမ မေငြိဏ်းက ကျွန်မ လက်မောင်းကို သူ့လက်နဲ့ တွဲချိတ်ထားတယ်။ ခြေလှမ်းတွေဟာ ပေါ့ပါး သွက်လက်လို့။ ကျွန်မ နဲ့ မတွေ့ဆုံရသေးခင်က ဘယ်လို မပျော်ရွှင်ရတဲ့ အကြောင်းတရားတွေ ရှိခဲ့ပါလိမ့်။ ဘာကြောင့် အခန်းအောင်းနေတာများပြီး မိတ်ဆွေ သူငယ်ချင်း များများစားစား မရှိခဲ့ပါလိမ့်။ ဘာတွေ ခက်ခဲခဲ့ရသလဲ ကျွန်မ ချစ်ရတဲ့ အမျိုးသမီးရယ်။
"ဟယ် ဝတ်ရည်"
"မမ မေငြိဏ်း"
"ဆန်းဒေးမှ လာမယ်ဆို"
"ဟုတ်။ ပိတ်ရက်တွေ အေးဆေး နားပြီး ကျောင်းတန်းသွားလို့ရအောင် စော လာလိုက်တာ။ မမ မေငြိဏ်း အတွက် အန်တီမြ ပစ္စည်းတချို့ ထည့်ပေးလိုက် သေးတယ်"
"ဟုတ်လား။ မမ လည်း ဘာမှ ကျန်ခဲ့တာ မရှိပါဘူး"
မမ မေငြိဏ်းက သူ့ကိုယ်သူ မမ လို့ ကျွန်မနဲ့ မဝတ်ရည် နှစ်ယောက်တည်းကိုပဲ သုံးတတ်တယ်။ တခြားသူတွေကိုဆို အစ်မ လို့ သုံးနှုန်းတာ ကျွန်မ ကြားခဲ့ဖူးတယ်။
"စားစရာတွေ ထင်တယ် မမ မေငြိဏ်း"
"မမ လာတုန်းကလည်း လုပ်ပေးလိုက်သေးတယ်။ ဝတ်ရည် နားချင်ပြီပေါ့။ ဆောရီးကွယ်။ ရောက်မယ်မှန်းမသိလို့ အဆောင်မှာ သော့ မအပ်ခဲ့တာ။ လာ လာ အနားယူတော့"
ကျွန်မ ဧည့်ခန်းမှာပဲ စာကြည့်တိုက်က ငှားလာတဲ့စာအုပ် ထိုင်ဖတ်နေတယ်။ တအောင့်ကြာတော့ မမ မေငြိဏ်း ကျွန်မ ဘေး ရောက်လာတယ်။
"ကလေး။ အခန်းထဲ သွားကွယ်။ မမ လိုက်ခဲ့မယ်"
ကျွန်မလည်း အနည်းငယ် အူတိအူကြောင်ဖြစ်သွားပြီး ကျွန်မ အခန်းထဲ ဝင်ခဲ့တယ်။ မမ မေငြိဏ်း လာခဲ့မယ်ဆိုလို့ အခန်းတံခါးကို စေ့ရုံစေ့ ထားလိုက် တယ်။
ညက အိပ်ထားတဲ့ ကျွန်မရဲ့ ခေါင်းအုံးနဲ့ စောင်လေး ပိုက်ပြီး မမ မေငြိဏ်း ပြန်လာ ပေးတယ်။ ဒါတင်မကသေးဘူး။ လက်ထဲမှာ ပစ္စည်းတချို့ ကိုင်ထားသေးရဲ့။
"ကလေး အတွက် တဲ့။ အိမ်က ထည့်ပေးလိုက်တာ"
" အိမ်က။ ငယ့်အတွက်"
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။