အခန်း (၂၈) ဇာတ်သိမ်း

9.6K 570 28
                                    

အခန်း (၂၈)

အခန်းရဲ့ ပြတင်းတွေ ဖွင့်မထားပဲ ဒီလိုပဲ ထိုင်နေတတ်တာ ဘယ်နှရက် ရှိပြီလဲ။ ကျွန်မ ဒီအခန်းထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ နေ့လား၊ ညလား မဝေခွဲတတ်တော့အောင် ဝိုးဝါး ရီမှောင်တဲ့ အရောင်တွေ။ မွန်းကျပ် လှောင်ပိတ်မှုတွေ။ တကယ်လို့ ကျွန်မက အခန်းရဲ့ အပြင်ကို ထွက်လိုက်ရင် အဲ့ဒီ မွန်းကျပ်မှုတွေ သက်သာသွားမှာလား။ ဝိုင်းထိုးမယ့် လက်ညိုးတွေက အဆင်သင့်စောင့်လို့။ နားထောင်နိုင်စွမ်း မရှိတဲ့ စကားသံတွေက စောင့်ကြိုလို့။ အလင်းရောင်။ အလင်းရောင်ဆိုတဲ့ ဂုဏ်သတ္တိကို မခံယူရဲတာလည်း ကြာပြီ မဟုတ်လား။

မမ အမြင်မှာ ကလေးအရမ်း ဆန်နေလားဟင်

အသံ။ အသံတစ်ခု ကြားရရဲ့။ ဒါ ဘယ်သူ့အသံလဲ။ ကလေး လား။ ဟင်။ ကလေးရဲ့ အသံ ဆိုရင်တောင် ဘယ်တုန်းကလဲ။ ခံစားချက်တွေ ရှုပ်ထွေးလိုက်ရတာပါလား။ လာပါကွယ်။ ကျွန်မကို လာပြီးဆွဲခေါ်ထုတ်သွားစမ်းပါ။ လူတွေရဲ့ မေးငေါ့၊ အထင်လွဲမှုတွေဆီကသာ လွှတ်မြောက်မယ်ဆို ကျွန်မ လိုက်လာခဲ့ပါရစေ။

ဟင့်အင်း။ ပြေးထွက် မသွားနဲ့လေ။ ကျွန်မ တစ်ယောက်တည်း ဘယ်လောက် ရင်ဆိုင်နေရလဲ။ သိရဲ့လား။ အားပျော့လှတဲ့ လက်ကလေးတစ်ဖက်ကို ကျွန်မ လက်နဲ့ မလွတ်တမ်း ကိုင်ထားတာ။ အဲ့ဒီလက်လေးက ကျွန်မလက်ထဲက လျော့ရဲစွာ ပြေကျသွားသတဲ့။ အေးစက်လာသတဲ့။ ရှိသမျှ အားအင်နဲ့ လည်ချောင်းထဲက အသံကုန် ဟစ်ပြီး ကျွန်မ အော်ခေါ်လိုက်တယ်။

"ဟင်"

ဖျတ်ခနဲ မျက်လုံး ပွင့်သွားမှ အိပ်မက်မှန်း အသိစိတ်ကပ်တယ်။ အာရုဏ်ဦး အလင်းရောင်ဟာ ပြတင်းမှန်ကိုဖြတ်ပြီး ခပ်ဖျော့ဖျော့ လင်းနေတယ်။  နာရီကို ကြည့်တော့ မနက် ၅ နာရီထိုးပြီးကာစ။ ကျွန်မ ခန္ဓာကိုယ်မှာ ချွေးအနည်းငယ် စို့လို့။ အိပ်မက်မှန်းသိသွားရက်နဲ့ အဲ့ဒီမွန်းကျပ်မှုဟာ ကျွန်မကို ပိတ်လှောင်ထား တုန်းပဲ။ နိုးလာလို့ တော်ပါသေးရဲ့။ အဲ့ဒီ မွန်းကျပ်မှုတွေ ဘဝရဲ့ ဘယ်အချိန်ထိ ခြောက်လှန့်နေမှာပါလိမ့်။ ရေတစ်ခွက် ငှဲ့သောက်ပြီး တစ်ဖက်ကုတင်မှာ အိပ်ပျော်နေတဲ့ ဝတ်ရည်ရဲ့ ခြင်ထောင်ကို ငေးနေမိတယ်။ နောက်ပြီး ပါးပြင်ပေါ်က စိုစွတ်မှုတွေ။ မျက်ရည်ကျလို့ ရသွားတဲ့နောက်ပိုင်း ကျွန်မ ပြန် ငိုရတော့တာပဲ။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now