အပိုင်း-၁
××××××
'' အား,,,,, သူလာနေပြီ သူ လာနေပြီ,,,,''
'' ဒီနေ့ သူဝတ်ထားတာ အရမ်းမိုက်တယ်,,,''
'' ပုံရိုက် ရိုက်,,''
'' oppa! ,,,ချောလိုက်တာ,,,''
ကျောင်းဝန်းအတွင်း ကျွန်တော် ဝင်လိုက်သည်နှင့် စတင်ပြီး ကြားလိုက်ရသည့် စကားသံတွေက နေ့စဉ်ပုံမှန်လိုပင်၊၊ တစ်ကျောင်းလုံးရှိကျောင်းသားကျောင်းသူများ အသီးသီးထွက်လာပြီး ကျွန်တော့်ကို ဝိုင်းကြည့်ကြသည်၊၊ ဓါတ်ပုံရိုက်ကြသည်၊၊ ဒါပေမယ့် ကျွန်တော့် အနားတော့ မကပ်ရဲပေ၊၊ ကျွန်တော့် ဘေးရှိ အမြဲ ရှိနေတတ်သည့် အနောက်တိုင်းဝတ်စုံနှင့် လူများကြောင့် ကျွန်တော် ကျောင်းဝင်းထဲဝင်သည့် လမ်းတစ်လျှောက် ခြေလှမ်းတစ်လှမ်းမှ မတွန့်အောင် ကာကွယ်ပေးသည်၊၊ ကျွန်တော် စာသင်နေရင်လည်း အခန်းအပေါက်ရှေ့မှာ ရပ်စောင့်နေကြသည်၊၊
ကျွန်တော် ကျောင်းဆောင်ထဲဝင်ပြီး ကျွန်တော် တက်သည့် အခန်း A သို့ ဝင်လိုက်သည်၊၊ A အခန်းရ၍ ကျွန်တော် သည် စာတော်သည့် ကျောင်းသားဟူတော့ မထင်လိုက်ပါနှင့်၊၊ ဒါပေမယ့် ကျွန်တော်က အမြဲတမ်း A အခန်းပဲတက်ရသည်ကတော့ ထုံးစံပင်၊၊ ထိုအချိန် အတန်းထဲ ဆရာရောက်လာ၍ အတန်းသားအားလုံး အတန်းရှေ့သို့ ကြည့်ကာ အတန်းခေါင်းဆောင်၏ နုတ်ဆက်သံကို ကြားသည်နှင့် ကျွန်တော် အိတ်ထဲမှ နားကြပ်ကို ထုတ်ကာ သီချင်းနားထောင်နေလိုက်သည်၊၊ အတန်းရှေ့မှ ဆရာက ကျွန်တော့်အားတစ်ချက်ကြည့်နေသော်လည်း ဘာမှမပြောဘူးဆိုတာ ကျွန်တော် သိနေသဖြင့် နားမှကြားနေရသည့် သံစဉ်အလိုက် ခေါင်းကို ယိမ်းကာ မျက်လုံးကို မှိတိထားလိုက်သည်၊၊ စာသင်တာကို နားထောင်နေစရာမလိုပါ၊၊ အချိန်တန် ကျွန်တော်က စာမေးပွဲအောင်မည့် ကျောင်းသားပင်ဖြစ်သည်လေ၊၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က တောင်ကိုရီးယားနိုင်ငံရဲ့ 2ခါဆက်တိုက် အနိုင်ရရှိထားသည့် ပြည်သူ့အချစ်တော် သမ္မတကြီး၏ သား အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသား,,,jung yunho လေ၊၊
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
'' yoochun မင်း ညနေကျောင်းဆင်းရင်ဘာအစီစဉ် ရှိလဲ''