Chapter.85(U&Z)

542 75 2
                                    

Unicode.

ငါမျက်လုံးအပြူးသားနဲ့ တင်းမာတဲ့မျက်နှာထားနဲ့ခက်ထန်စွာကြည့်နေတဲ့ အိမ်ရှေ့စံကိုကြည့်လိုက်တယ်၊

'' ကျွန်မရဲ့ဆံပင်ကိုညှပ်မလို့လေ ''

'' ဘာလို့အန္တရာယ်ရှိတဲ့ဓားမြှောင်နဲ့ မင်းခေါင်းကဆံပင်ကိုဖြတ်မှာလဲ ''

'' ဘရက်ရှ်လုပ်မလို့လေ... ''

'' ဘ.... ''

လှုပ်ရှားမှုတိုင်းမှာအလျင်စလိုဖြစ်နေတဲ့ အိမ်ရှေ့စံကိုကြည့်ပြီး ​ကြောင်အသွားရတယ်၊

'' ကျွန်မကြည့်လုပ်လိုက်မယ်လို့ပြောတယ်လေ၊အဲ့တာကြောက့် ခဏလောက်စောင့်ပေးလို့ရမလား အရှင့်သား... ''

သူဆွဲထားတဲ့လက်ကို အားစိုက်ရုန်းလိုက်ပြီး အေးအေးဆေးဆေးအဖြေပြန်ပေးလိုက်တယ်၊

'' ကျွန်မအခုအလုပ်များနေတယ်၊အဲ့တော့မနှောင့်ယှက်ပဲ ကျွန်မဘေးမှာစောင့်နေ... ''

'' ...ရိုင်းလိုက်တာ၊အင်​ပါယာရဲ့အိမ်ရှေ့စံတစ်ယောက်ကို အနှောင့်အယှက်လို့ဘယ်လိုတောင်ပြောရဲရတာလဲ ''

သူကနောက်ဆုတ်ရမဲ့လက်ညှိုးထိုးပြီး နှုတ်သီးခေါင်းလျှာပါး ပြောနေပေမဲ့ နောက်ကိုတော့ဆုတ်သွားခဲ့တယ်၊

ဓားမြှောင်ကိုပြန်ကိုင်လိုက်ပြီး လက်တစ်ဆုပ်စာ ဆုပ်ကိုင်ထားတဲ့ဆံပင်ကို လှန်ပြီးကိုင်လိုက်တယ်၊ကြက်သွေးရောင်ဆံပင်အခွေလေးဖြစ်နေခဲ့တယ်၊

' ဆံပင်ဖြောင့်သွားပါစေ ဆုတောင်းတယ် '

ရွှေရောင်တောက်နေတဲ့အိမ်ရှေ့စံရဲ့ဆံပင်ကို စိတ်မကောင်းစွာနဲ့လှမ်းကြည့်လိုက်တယ်၊ဒါပေမဲ့ ငါမသေချင်သေးဘူး၊ငါ့မှာရှိနေတာနဲ့တင်​ကျေနပ်မှ​ဖြစ်မယ်၊

ငါဦးခေါင်းကနေ ဖြည်းဖြည်းချင်းဆံပင်ကိုသပ်လိုက်တယ်၊​​ပြင်ပအရာတွေကို တူးထုတ်လိုက်တာက အဓိကအကျဆုံးထဲက အ​ခြေခံအကျဆုံးအပိုင်းပဲ၊

ငါ့ရဲ့ဆံပင်က ပျော့အိနေပြီး ဖုန်သုတ်ဖို့ထက် ဖုန်တက်နေခဲ့တယ်၊ဒါပေမဲ့ အရင်ကထက်တော့အများကြီးကောင်းပါတယ်၊

Death is the only ending for the villainess.Where stories live. Discover now