Chapter.89(U&Z)

413 66 2
                                    

Unicode.

ငါအသံမြည်တဲ့အထိ အံကြိတ်မိလိုက်တယ်၊အဲ့တာက စကားနဲ့တစ်ဝက် စိတ်လိုက်မာန်ပါပြုလိုက်မိခဲ့တာပဲ၊သံတိုင်တွေကြားကနေ ဖြတ်မြင်နေရတဲ့အပြာရောင်မျက်လုံးတွေက ဖြည်းဖြည်းချင်း ​​​ကျယ်ဝန်းလာခဲ့တယ်၊ပြီးတော့ အဲ့အချိန်မှာပဲ၊

Interest. -3%

( Interest. 26% )

လူတစ်ယောက်ရဲ့ Interest လျော့သွားတာတောင် ငါဘယ်လိုမှမနေပဲ ဒီတိုင်းစိုက်ကြည့်နေမိတယ်၊နှစ်သက်မှုကျသွားတာနဲ့မတူပဲ၊ သူကငါ့ကိုချက်ချင်းနားမလည်တဲ့ပုံပဲ၊

'' ဘာလဲ.. ''

သူ့ရဲ့ မျက်နှာထားက နည်းနည်းတွေဝေနေတဲ့ပုံပဲ၊

'' ပြန်တော့ ''

ငါထုတ်ပြောလိုက်တယ်၊ဒါပေမဲ့ ငါဖိအားနည်းနည်းလေးတောင် မခံစားရဘူး၊

'' ကျွန်မ ရှင့်ကိုပြောစရာမရှိတော့လို့ ''

'' Penelope Eckart ''

နာမာ်အပြည့်အစုံကိုခေါ်တဲ့ အသံတောင်မှ တိုးလျနေခဲ့တယ်၊

' Interest.-2% '

( Interest.24% )

30% နားနီးကပ်နေတဲ့ သူက ပြန်ကျတာမြန်တယ်၊ဒါပေမဲ့ နောင်တရမနေဘူး၊သူကအရင်ကတည်းက အမှားခြစ်ခံထားရပြီးသား

ငါ့မှာဘာမျှော်လင့်ချက်မှမရှိဘူးဆိုတာ သေချာတယ်၊ဒါပေမဲ့လည်း မူပျက်နေတဲ့အမူအယာနဲ့ စကားကောင်းကောင်းပြောဖို့က မဖြစ်နိုင်ဘူး၊

''ကျွန်မဒါကို ဂရုစိုက်လိုက်ပါ့မယ်၊အဲ့တော့ ရှင်စိတ်ပူဖို့မလိုဘူး၊အရင်တိုင်းပဲထားလိုက်၊သေတာ ဒါမှမဟုတ် ထောင်ထဲဝင်ရတာဖြစ်ဖြစ် ''

'' မင်း၊ဘာ... Penelope ''

Derrickကငါ့ရဲ့စိတ်မပါတဲ့လေသံကို ဒေါသထွက်သွားခဲ့တယ်၊ ဒါပေမဲ့ ငါဘာကိုမှ ဆက်မကြားချင်တော့တာကြောင့် လှည့်ထွက်လိုက်တယ်၊

အဲ့တာက အန္တရာယ်ရှိတဲ့ စကားလုံးဖြစ်ပေမဲ့ ခုချိန်ပြန်ရုတ်သိမ်းဖို့ အစီစဉ်မရှိဘူး၊ဒီသောက်ရေးမပါတဲ့ နှစ်သက်မှုတွေ ပိုပြီးဆုံးရှုံးသွားတာက ငါမသေမချင်းကိစ္စမရှိဘူး၊

Death is the only ending for the villainess.Where stories live. Discover now