Unicode.
'' ရေးးးးး ''
အဲ့နောက် ပြတင်းရဲ့တစ်ဖက်ကနေ အားပေးသံအကျယ်ကြီးထွက်လာခဲ့တယ်၊
'' ဘုရားရေ၊Duke Leonardက ပဥ္စမနေရာမှာတဲ့ ''
'' ဘယ်လောက်၊ဘယ်လောက်တောင် အံသြဖို့ကောင်းလိုက်သလဲလို့ ''
'' သူ့ရဲ့သားကောင်တွေကို တစ်ယောက်ယောက်ဆီပြောင်းပေးမယ်လို့ နင်တို့ထင်လား ''
ငါနဲ့သိပ်မဝေးတဲ့နေရာက မိန်းမပျိုတစ်ချို့က ယောက်ယက်ခတ်နေကြတယ်၊
ဆူညံနေကြတာကို Leonard ကကြားသွားတာကြောင့် သူကနူးညံ့တဲ့မျက်နှာလေးနဲ့ လက်ကိုဝေ့ယမ်းပြလိုက်တယ်၊
'' အားးးး Duke ရေ ''
တစ်ပြိုင်တည်းထွက်လာတဲ့ အော်ဟစ်သံတွေကြောင့် ငါမျက်မှောင်ကြုတ်မိလိုက်တယ်၊
' ဒါကဘာလဲ၊ဖန်ကလပ်လား '
သူကြွားလုံးထုတ်နေတာကို မမြင်ချင်ဘူး၊ငါသူနဲ့အကြည့်ချင်းမဆုံအောင်လို့ ထီးကိုလျှောချလိုက်တယ်၊
Leonard ကသူ့ရဲ့သားကောင်တွေကို တစ်ယောက်ယောက်ကိုပေးဖို့ မရည်ရွယ်ထားဘူး၊အဲ့တာကြောင့် နောက်ထပ်အော်သံက ဆက်ပြီးရောက်လာခဲ့တယ်၊
'' စတုတ္ထမြောက်၊မြို့စားငယ်၊Eckart အိမ်တော်ရဲ့ အကြီးဆုံးသား ၊ဝံပုလွေဖြူနှစ်ကောင်၊Yetahနိုင်ငံတော်မှ ရှားပါးသားရဲမျိုးစိတ် Flapopinha တစ်ကောင် ''
'' ရေးးးး ''
Leonard တုန်းကလို တုန့်ပြန်သံတွေတစ်ထပ်တည်း နောက်တစ်ကြိမ်ထွက်လာပြန်တယ်၊
အဲ့တာက နည်းနည်းတော့ အံသြစရာပဲလို့ငါထင်တယ်၊
Derickက သူ့ကိုယ်သူ အရမ်းဂုဏ်ယူနေခဲ့တယ်၊ငါက သူနဲ့အိမ်ရှေ့စံက ပထမနဲ့ဒုတိယနေရာအတွက် ယှဥ်ပြိုင်ရမယ်လို့ထင်ခဲ့တာ၊
' အဲ့တာငါ့ကြောင့်များလား '
ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲတာတွေလုပ်ခဲ့တဲ့ငါ့ကြောင့် ဗျာများခဲ့မှာပဲ၊
ဒါပေမဲ့ ငါ့အလုပ်မဟုတ်ပါဘူးလေ၊
သူ့ရဲ့အဆင့်ထက် သူဖမ်းမိခဲ့တဲ့ ရှားပါးသတ္တဝါကိုပိုပြီးစိတ်ဝင်စားမိတယ်၊
VOCÊ ESTÁ LENDO
Death is the only ending for the villainess.
DiversosMM Translation... Chapter.81 to...