Chpater.111( U&Z )

717 53 9
                                    

Unicode.

' ဘာဖြစ်တယ် '

ငါ့ရဲ့မျက်လုံးတွေက Ecklissရဲ့ခေါင်းပေါ်မှာပေါ်လာခဲ့တဲ့ Systemရဲ့အဖြူရောင်ကားချပ်ပေါ် ရောက်သွားခဲ့တယ်၊ငါ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားလိုက်တယ်၊

' အဲ့တာသွားပြီပေါ့ '

အခုလေးတင် သူ့ရဲ့ခေါင်းမှာ ရှင်းရှင်းလင်းလင်းပြထားတဲ့စာ ( Interest.77% ) က ( နှစ်သက်မှုကိုစစ်ဆေးရန်)  ဆိုပြီးပြောင်းသွားခဲ့တယ်၊ပြီးတော့လည်း အဖြူရောင်ဖြစ်နေတဲ့ ဘေးတိုက်ဘားလေးက အနီရင့်ရောင်ပြောင်းသွားခဲ့တယ်၊

ဒါပေမဲ့ ဘာတွေ​ဖြစ်ကုန်တာလဲဆိုတာကို ငါတောင်သဘောမပေါက်သေးခင် စာအသစ်ထွက်လာခဲ့တယ်၊

နှစ်သက်မှုကိုပြတဲ့ဘားက ပမာဏအစား အရောင်နဲ့ဖော်ပြခဲ့တယ်၊

နှစ်သက်မှုပမာဏကိုစစ်ဆေးချင်တယ်ဆိုရင် ပစ်မှတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလုပ်ရမယ်၊

'' Eckliss ''

System ကနေပေါ်လာတဲ့စာတွေကို ဖျတ်ခနဲ့ကြည့်ပြီး ငါစကားပြောဖို့ပြင်လိုက်တယ်၊မွန်းကြပ်နေသလိုမျိုး တင်းကြပ်နေတဲ့အသံတစ်ခု ထွက်ကျလာခဲ့တယ်၊

'' အဲ့တာငါ့ကိုပေး၊ငါကိုယ်တိုင် နင့်ကိုဝတ်ပေးချင်တယ် ''

တုန်ယင်နေတဲ့ နှုတ်ခမ်းအစွန်းတွေကို ခက်ခက်ခဲခဲပင့်တင်ရင်း အမိန့်ပေးလိုက်တယ်၊

Eckliss က လက်ကိုနှုတ်ခမ်းနားကနေခွာလိုက်တယ်၊ လည်ဆွဲက ကျယ်လောင်တဲ့အသံနဲ့အတူ ကျလာခဲ့တယ်၊ငါအလျင်စလိုနဲ့ ဆတ်ခနဲ ဖမ်းယူနိုင်လိုက်ပါတယ်၊Eckliss က သူ့ရဲ့ ပျက်တီးပျက်ချော် အမူအယာကြောင့် ငါ့ကိုဦးညွတ်လိုက်တယ်၊

မိုးရေစိုရွှဲနေတဲ့ အညိုရောင်ခန္ဓာကိုယ်တစ်ခုက နီးကပ်လာသလို၊အဖြူရောင်စာလုံးတွေ ( နှစ်သက်မှုကို စစ်ဆေးခြင်း )နဲ့အနီရောင် ဘားတန်းလေးက ပိုပြီးရှင်းလင်းလာခဲ့တယ်၊

ငါဆံပင်တွေက လက်ကနေချော်ထွက်သွားပြီး လည်ဆွဲက အပိုင်းအစတွေကို လည်ပင်းနားတစ်ဝိုက်မှာ မသိမသာလေးကပ်ထားလိုက်တယ်၊အဲ့နောက် System ရဲ့အဖြူရောက်ကားချပ်က အာရုံထဲရောက်လာပြန်တယ်၊

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Sep 06, 2023 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

Death is the only ending for the villainess.Unde poveștirile trăiesc. Descoperă acum