Chapter.95( U&Z)

407 53 2
                                    

Unicode.

'' အဲ့တာအမှန်မဟုတ်ဘူး မလား. ''

Leonard ကငါ့ဆီမရောက်ခင် လွင့်မျောနေတဲ့တိမ်တိုက်ကို ဖမ်းလိုက်သလိုမျိုး အလျင်နှုန်းနဲ့ မေးလာခဲ့တယ်၊

'' ဘာကိုလဲ ''

'' အဲ့အိမ်ရှေ့စံခွေးသားနဲ့ နင်... ''

'' Le...Leonard...  ''

မြင့်တက်လာတဲ့သူ့ရဲ့အသံကြောင့် ငါတအံတသြဖြစ်ရပြန်တယ်၊

'' နင် နန်းတော်ထဲမှာ အိမ်ရှေ့စံကို ကျိန်ဆဲနေတာလား ''

သူက ပုံမှန်ယောကျာ်းကြီးမဟုတ်ဘူး၊ကံကောင်းချင်တော့ မနက်စောစော Dukeရဲ့တဲနားမှာ ငါတို့နှစ်ယောက်သာရှိနေခဲ့တယ်၊သူ့ပါးစပ်ကို ပိတ်ဖို့လိုနေတဲ့ Leonard က အသိစိတ်ဝင်လာသလိုမျိုး ပြောလာခဲ့တယ်၊

'' ... နင်နဲ့သူနဲ့က အဲ့လိုဆက်ဆံရေးမျိုး ရှိနေခဲ့တာလား ''

'' ဘာဆက်ဆံရေးလဲ ''

'' ငါ နင့်ဟာသတွေကို နားထောင်နိုင်တဲ့ စိတ်အခြေနေမျိုးမဟုတ်ဘူးနော် ''

ငါတကယ်မသိလို့ မေးလိုက်ပေမဲ့လည်း Leonard ပုံစံက အတည်ပေါက်ကြီးဖြစ်နေခဲ့တယ်၊

'' ငါအမဲလိုက်ကွင်းပြင်ကို သွားတဲ့အချိန်တုန်းက လူတိုင်း နင်နဲ့အိမ်ရှေ့စံအကြောင်းပဲ ပြောနေကြတာ၊နင်သိလား ''

'' .... ''

'' သောက်ကျိုးနည်း စစ်ဆေးခံရတုန်းက နင်ဘာပြောခဲ့တာလဲ၊ငါ့ကိုအမှန်တိုင်းပြောစမ်းပါ၊အဲ့တာ တကယ်မဟုတ်ဘူးမလား ''

Leonardက သူ့မျက်နှာကို အဆုံးထိတင်းမာထားပြီး သူ့ပုံစံကြည့်ရတာ ငါ့ကိုချက်ချင်းကိုင်လှုပ်လိုက်ချင်စိတ်တွေကို အတော်လေးထိန်းထားရတဲ့ပုံပေါက်နေခဲ့တယ်၊ငါအမှန်ကိုပြောလိုက်တယ်၊

'' အင်း၊အဲ့တာအမှန်မဟုတ်ဘူး ''

'' ဟူး... ''

စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသလို၊ခပ်ပြင်းပြင်း အသက်ရှူလိုက်ရင်း သူ့ရဲ့ခေါင်းကို ကုတ်ခြစ်နေခဲ့တယ်၊ပြီးမှ စိတ်ဆိုးဆိုနဲ့ တီးတိုးပြောလိုက်တယ်၊

'' မကောင်းတဲ့ဟာမ၊နင်ဘာလို့ ဒီလိုကောလဟာလအမှားမျိုး ... ''

'' တကယ်လိုငါတို့ သစ်တောထဲမှာ လျို့ဝှက်တွေ့ဆုံနေကြတယ် ဆိုတဲ့ကောလဟာလကိုပြောတာဆိုရင်တော့ အဲ့တာအမှန်ပဲ ''

Death is the only ending for the villainess.Where stories live. Discover now